စျေးကွက်သို့ ကြက်သွန်ဖြူများအဝင်နည်း ကာ  စျေးများ မြင့်တက်နေ 

ရာသီကုန် ချိန် ဖြစ်၍ ကြက်သွန်ဖြူများ အဝင်နည်းကာ  စျေးများ မြင့်တက်နေကြောင်းစျေးကွက်အရ သိရသည်။

ထို့အပြင် လမ်းပန်ဆက်သွယ်ရေး အခက်အခဲများ ကြောင့် အဝင်နည်း လာ၍ ရှမ်းကြက်သွန်ဖြူ များ အပြင် တရုတ် ကြူကုတ် ကြက်သွန်များ ပါ အမြင့်စျေး တွင် ရှိနေ ခြင်း ဖြစ်ကြောင်း သိရသည်။ 

“ ရာသီကုန် သွားလို့  ရှမ်း ကြက်သွန်တွေ အဝင်နည်း တယ် ။ စျေးကွက်အရ ကြူကုတ်မရှိရင် ရှမ်းကထိုးတက်မှာ ။ရှမ်းမရှိရင် ကြူကုတ် က တက်တယ် ။ ဒါကြောင့်  ကြက်သွန်စျေးတွေ ဆက်တိုက် တက်လာတာ ။ ပြီးခဲ့တဲ့လတွေ ဆို ရှမ်းမြောက် ပိတ်ထားလို့ ကြူကုတ် အဝင်နည်းသွားတယ် “ ဟု exporter တဦး ကပြောသည်။ 

ကြက်သွန်ဖြူက  မေလ အစ  တစ်ပိဿလျှင် ၆၅၀၀ မှ ၈၀၀၀ အထိပေါက်ဈေးရှိခဲ့ပြီး    မေလ ဒုတိယ အပတ် မှ စတင် ကာ တဖြေး ဖြေး မြင့် တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မေလ ၂၁ ရက်နေ့  ဘုရင့်နောင်ကုန်စည်ဒိုင်တွင် အောင်ပန်း ထူး ကြက်သွန်ဖြူ တစ်ပိဿလျှင် ၉၀၀၀ မှ  ၁၀၅၀၀  အတွင်း ထိ သာ ရှိခဲ့ ပြီး လက်ရှိ တစ်ပိဿလျှင် မှ  ၁၀၀၀၀ မှ ၁၂၀၀၀ အထိ မြင့်တက် သွား ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ထို့အပြင် လက်ရှိ ကြက်သွန်ဖြူ ကြူကုတ်ရှယ် တစ်ပိဿာ လျှင် ၁၁၅၀၀ မှ ၁၂၀၀၀ ဝန်ကျင် အထိ အမြင့် စျေး တွင် ရှိ နေသည်။ ပြီးခဲ့ သည့် နှစ် ဖြင့် ယှဉ်ပါက ကြက်သွန်ဖြူ စျေး မှာ အတက်စျေး ရရှိ ကြောင်း ကုန်သည်များ က သုံးသပ်ကြသည်။ 

လက်ရှိ ကြက်သွန်း ဖြူ စျေး ထပ်မံ မြင့်တက်လာမှာကြောက်၍ ဝယ်ယူ ထားသူ များကြောင့်လည်း အရောင်းအဝယ်ကောင်းပြီး ဈေးကောင်းနေတာလည်း ဖြစ်သည်။

ကြက်သွန်ဖြူ စျေးများ မှာ အချိန်နှင့် အမျှ ပြောင်းလည်းနေခြင်းကြောင့် စျေး တစ်သတ်မှတ် တည်း ရောင်း၍ မရကြောင်း ရှမ်းပြည်နယ် အောင်ပန်းမှ ကြက်သွန်ပွဲရုံ များ မှ သိရသည်။ 

“  မေလ အစ က တစ် ပိဿ ကို  ၈၀၀၀ နား ပဲရှိ တာ  အခုဆို ၁၂၀၀၀ ဝန်းကျင် လောက်ထိ ပြန်ဖြစ်နေပြီး  စျေးတွေ က တစ်နေနဲ့ တစ်နေ မတူဘူး အမြဲ တက်နေတာ “ ဟု ရန်ကုန်၊ သင်္ဃန်ကျွန်းမြို့နယ် မှ စားသုံသူ ဒေါ် နန်း  ကပြောသည်။

တရုတွ ကှူကုတွ ကှကသွှနွ ဖှူမှား မှာ လားရှိုး ရှမွးမှောကွ  နှငွ့   ယိုးဒယား ဘကွ မှ  တိုကရွိုကွ ဝငွ ရောကွ လကွှိကှောငွး သိရသညွ။ 

ကြက်သွန်ဖြူကို ပြည်တွင်း ၌ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ စတင်စိုက်ပျိုးကြ ခြင်း ဖြစ်သည်။ 

ဖိုးချဲ(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *