ငရုတ်ဈေး အနည်းငယ်ပြန်ကျဆင်းသွား

ပြန်လည် စျေး မြင့် တက်လာသည့် ငရုတ် စျေး ကွက် တွင်  ဆင်ဖြူကျွန်း နှင့် မြစ်ဝ ငရုတ်   များ အနည်းငယ်ပြန်ကျဆင်းသွား ကြောင်း စျေးကွက်မှ သိရသည်။

သယ်ယူပို့ဆောင်ရေး အခက်အခဲများ အပြင် တခြားပြည်ပတင်ပို့ ရန် အခက်အခဲများ ကြောင့် ငရုတ် စျေး မှာ စတင်ပေါ်သည့် အချိန် မှစ၍ ဆက်တိုက် သလို စျေး ကျဆင်းခဲ့ပြီး မိုးတွင်းကာလ အစ မှ စ၍ ပြည်ပ ဝယ်ယူမူ ရှိလာသောကြောင့် စျေးနှုန်းများ ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။

“ အရင် နှစ်တွေတော့ မိုးတွင်းကာလ စိုက်ခင်းတချို့ ပျက်စီးမှု တွေရှိနိုင်တာကြောင့် ပစ္စည်း အဝင်နည်း ပြီး နှစ်တိုင်း မိုး တွင်းဆို စျေးတက်လေ့ရှိ ပါ တယ် ။  စျေးတက်ပေမဲ့ တောင်သူတွေ အတွက် စျေး မရဘူး ။ “  ဟု ဧရာဝတီ တိုင်းဒေသကြီး  မှ ငရုပ်စိုက်တောင်သူ တစ်ဦးကပြောသည်။

လက်ရှိ မျှားနီ ငရုတ် နှင့် ပန်းတနော် ရှည် ငရုတ် စျေး မှာ အရင် ရက်များ ထပ် စျေး မြင့် တက် လာ သော်လည်း ဆင်ဖြူကျွန်း နှင့် မြစ်ဝ ငရုတ် များ တစ်ပိဿလျှင် ကျပ် ၁၀၀၀ဝန်းကျင်ခန့် အနည်းငယ်ပြန်ကျဆင်းသွား ကြောင်း သိရသည်။ 

ပြီးခဲ့ သည့် တစ်ပတ် ခန့် က ပန်းရဲ တစ်ပိဿာ  ၅၅၀၀ မှ ၅၈၀၀ကျပ် ၊ မျှားနီ ငရုတ် တစ်ပိဿာ လျှင်၄၈၀၀ မှ ၅၅၀၀ ကျပ် ၊ပန်းတနော် ရှည်  တစ်ပိဿလျှင် ၄၅၀၀ မှ ၅၀၀၀ ထိ ရှိ ခဲ့ ပြီး ဆင်ဖြူ ကျွန်း (ပု) နှင့်မြစ်ဝ တစ်ပိဿလျှင်တစ် ပိဿလျှင် ၁၁၅၀၀  မှ ၁၂၅၀၀ ကျပ်  ထိ မြင့် တက်ခဲ့ ကြောင်း သိရသည်။ 

လက်ရှိ ဇွန်လ ၄ရက်တွင် ပန်းရဲ ငရုတ် တစ်ပိဿ မှာ ၅၈၀၀ မှ ၆၀၀၀  ကျပ် ၊ မျှားနီ တစ်ပိဿာ လျှင် ၅၂၀၀ မှ ၅၅၀၀ ကျပ်၊ပန်းတနော် ရှည်  တစ်ပိဿလျှင် ၄၈၀၀ မှ ၅၀၀၀ ထိ  မြင့် တက်လာ ပြီး ဆင်ဖြူကျွန်း (ပု) နှင့်မြစ်ဝ တစ် ပိဿလျှင် ၁၀၅၀၀ မှ ၁၂၀၀၀ ကျပ်  ထိ ပြန်ကျ လာ ခဲ့ ကြောင်း သိရသည်။ 

မေလ တစ်ရက်နေ့ က ဘုရင့်နောင်စျေးကွက်တွင်  မျှားနီ ငရုတ် မှာ ၃၅၀၀မှ ၄၀၀၀ ကျပ် ၊ပန်းတနော် ရှည် ၃၈၀၀ မှ ၄၀၀၀ ၊ ဆင်ဖြူကျွန်း (ပု) ၉၅၀၀မှ ၁၀၅၀၀ ကျပ် အထိသာ ဈေးရှိခဲ့သည်။

“ တောင်သူ ကတော့ တောင်သူစျေး ပဲရတယ် ။ တောင်သူဆီ က ဝယ် ပြီး တောင်သူ လက်ထဲ မရှိတော့ ရင် စျေးတက်တာ နှစ်တိုင်း ကို ဖြစ်နေပါပြီး ၊“ ဟု  မကွေးတိုင်ဒေသကြီး မှ ငရုတ် စိုက်တောင်သူတစ်ဦး ကပြောသည်။

ငရုတ်စျေး  ပြန် လှုပ်ခက် လာ သည် ဆိုသော်လည်း ငရုတ်စိုက် တောင်သူများ စျေး မရရှိသေး၍ တချို့ ဒေသများ တွင်  အရှုံ ဖြင့်ရင်ဆိုင်း ခဲ့ရကြောင်း သိရသည်။

ငရုတ်သီးဈေးကွက် မှာ ထိုင်းနိုင်ငံ တခုသာ အဝယ်နည်းငယ်ရှိပြီးထိုင်းနိုင်ငံမှ လည်း ငရုတ်ရာသီ ကုန်တော့ မည်ဖြစ်၍ စျေးကွက်ကောင်းလာနိုင်ကြောင်း တချို့ကုန်သည်များလည်း သုံးသပ်ကြသည်။

ဖိုးချဲ(AMIA)

Leave a Reply

Your email address will not be published. Required fields are marked *