ဈေးကွက်သုံးသပ်ချက် (၁.၅.၂၀၂၃) မှ ( ၅.၅.၂၀၂၃)

ဆန်စပါး

ရန်ကုန်ဆန်ဈေးကွက်မှာတော့ ဆန်ဈေးက ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ဆန်လက်ကျန်
လျော့နည်းနေတာ ဖြစ်လို့ အဝင်နည်းပြီးဈေး တက်နေတာလို့ လည်း ကုန်သည်အချို့က
ဆိုပါတယ်။ ဈေးကွက်ထဲမှာတော့ မကြာခင် အသစ်ဝင်တော့မယ့် စပါးတွေ ကို
ကြိုပွိုင့်ဝယ်ယူထားတာတွေ လုပ်နေတယ်လို့ဆိုပါတယ်။
ရန်ကုန်ဝါးတန်းဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၉၃၀၀၀ ကနေ ၁၀၅၀၀၀
ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ၊မြောင်းမြပုသိမ်ပေါ်ဆန်းက တစ်အိတ်ကို ၈၅၀၀၀ကနေ
၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်၊ဒေးဒရဲပေါ်ဆန်ကတော့ တစ်အိတ်ကို
၈၃၀၀၀ ကနေ ၈၈၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းကလည်း
တစ်အိတ်ကို ၈၂၀၀ကနေ ၈၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀
ကျပ်၊ပေါ်ဆန်းနယ်စုံကလည်း တစ်အိတ်ကို ၈၂၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး
တစ်အိတ်ကို ၁၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန် ကတော့ တစ်အိတ်ကို ၅၆၅၀၀ ကနေ ၅၇၅၀၀ ပေါက်ဈေးရှိပြီး
တစ်အိတ်ကို ၁၅၀၀ ကျပ်၊ဧည့်မထ ၂၅ မှတ်တန်ကတော့ တစ်အိတ်ကို ၅၃၅၀၀ ကနေ
၅၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ရက် ၉၀ ကတော့ တစ်အိတ်ကို ၆၃၀၀၀
ကနေ ၆၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ဆန်သီးထပ် ကတော့ တစ်အိတ်ကို
၅၇၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ် အသီးသီး ဈေး
တက်လာပါတယ်။

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်ဈေးကွက် မှာ တစ်လအတွင်း ဆန်ချော တစ်အိတ်ကို အနိမ့်ဆုံး
၁၁၀၀၀ ကနေ အမြင့်ဆုံး ၁၅၀၀၀ ထိ ဈေးမြင့်တက်လာပြီး ဆန်ကြမ်းတစ်အိတ်ကို အနိမ့်ဆုံး
၃၀၀၀ ကနေ ၇၀၀၀ အထိ ဈေးမြင့်တက်လာပါတယ်။
ဆန်စပါးအသင်းက တော့ ဈေးတွေ မြင့်တက်လာတာနဲ့ပတ်သတ်ပြီး
ထိန်းကျောင်းဆောင်ရွက်မယ်လို့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ထားပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ပိတ်ရက်အပြီးကတည်းက ဆက်တိုက်ဈေးမြင့်တက်ခဲ့ရာမှ ဒီတစ်ပတ်မှာတော့
ဈေးကပြန်ကျဆင်းသွားပါတယ်။ပြည်တွင်း ပဲဈေးကွက်အခြေအနေက လက်တလော မှာ
ခန့်မှန်းရ ခက်နေတယ်လို့ပဲကုန်သည်အချို့က ဆိုပါတယ်။
အိန္နိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ကြောင့်အပြင် ပြည်တွင်းငွေတန်ဖိုးကျဆင်းလာတာတွေ၊
သယ်ယူပို့ဆောင် စရိတ်မြင့်တက်လာ တာတွေ၊မူဝါဒအပြောင်းအလဲ တွေ ကြောင့် ပဲဈေးက
မြင့်တက်လာခဲ့တာဖြစ်ပြီး မလိုအပ်ပဲ ဈေးဆွဲတင်တာတွေကြောင့်လည်း အတက်အကျက
ခန့်မှန်းရခက်နေတာလို့ ပဲခူးတိုင်း ဒေသကြီး အတွင်း မှာ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
အိန္ဒိယနိုင်ငံကတော့ မတ်ပဲလိုအပ်ချက်က မြင့်မားနေတာဖြစ်လို့ မတ်ပဲဈေးကတော့
အတက်ဈေးနဲ့ပဲ လတ်တလော မာနေဦးမယ်လို့သုံးသပ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) တစ်တန်ကို ၂၁၅၆၀၀ ပေါက်ဈေးရှိပြီး
တစ်တန်ကို ၂၇၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၂၀၈၀၀၀ ကနေ ၂၁၀၀၀၀ ပေါက်ဈေးရှိပြီး
တစ်အိတ်ကို ၁၅၀၀ လောက်ဈေးမြင့်တက်ပါတယ်။

မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က
တစ်တင်း ကို ၆၆၀၀၀ ကနေ ၆၉၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ လောက်
ဈေးတက် ပါတယ်။


ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဈေးပြန်ကျဆင်းသွားပါတယ်။ပဲစင်းငုံနီကတော့ လက်ရှိမှာ
လက်ကျန်မရှိတော့သလောက် ဖြစ်နေပြီး ပြည်တွင်းဈေးကွက်မှာတော့ အရောင်းအဝယ်မရှိဘူးလို့
ပဲကုန်သည်တွေက ဆိုပါတယ်။ လှောင်လက်အနည်းငယ်သာ ရှိပြီး ဈေးကွက်ထဲ
ဈေးမာနေတဲ့အခြေအနေဖြစ်ပါတယ်။
အိန္ဒိယလိုအပ်ချက် မြင့်နေတာ ဖြစ်လို့ ပဲကုန်သည်တွေ ဈေးကစားရင် ကြားဝင်ထိန်းချုပ်မယ်လို့
အိန္ဒိယအစိုးကရ ထုတ်ပြန်ကြေညာထားပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၄၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို
၃၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၃၀၀၀၀ ကနေ ၂၃၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀
ကျပ်ဈေးကျဆင်းပါတယ်။
နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ ၇၆၂၀၀ ကနေ ၇၆၆၀၀
ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ‌ေ လာက်ဈေးကျဆင်းသွားပါတယ်။


ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဈေးကွက်ထဲ အဝယ်သွက်နေပြီး
ဈေးမြင့်တက်နေပါတယ်။တရုတ်ဝယ်လက်တွေ ပုံမှန်ရှိနေပြီး ဈေးကွက်ထဲကိုလည်း
ပုံမှန်ဝင်နေတယ်လို့ဆိုပါတယ်။နယ်ဈေးကွက်တွေမှာတော့ ပြီးခဲ့တဲ့အပတ်ကတည်းက
ဈေးမြင့်တက်နေခဲ့တာဖြစ်ပေမယ့် ဒီတစ်ပတ်မှာတော့ဈေးကအနည်းငယ် လျော့နည်း
သွားပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၈၃၀ ပေါက်ဈေးရှိပြီး
တစ်ပိဿာကို ၈၀ ကျပ်၊ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၃၀ပေါက်ဈေးရှိပြီး
တစ်ပိဿာကို ၅၀ ကျပ်၊ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၂၅၀ ကနေ
၂၇၅၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၉၀၀၀၀ ကနေ ၂၂၃၀၀၀ ပေါက်ဈေးရှိပြီး
တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၆၇၁၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀
ကျပ်ဈေးကျဆင်းသွားပါတယ်။
မော်လမြိုင်ဈေးကွက်မှာလည်း တစ်တင်းကို ၅၀၀၀၀ ကနေ ၆၈၀၀၀ ပေါက်ဈေးရှိပြီး
တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။


ကုလားပဲ

ကုလားပဲကတော့ တစ်ပတ်အတွင်း အတက်အကျ အနည်းငယ်နဲ့ ဈေးငြိမ်နေတဲ့အနေအထားမှာ
ရှိပါတယ်။နေ့စဉ် ဈေးကွက်ထဲကို ပဲအဝင်ပေါ်မူတည်ပြီး အပြောင်းအလဲ အနည်းငယ်ရှိပေမယ့်
အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပါတယ်။နေ့စဉ်ငွေလဲလှယ်နှုန်းပေါ်မူတည်ပြီး အပြောင်းအလဲ
ရှိနေတာလို့လည်း သိရပါတယ်။ပဲအဝင်ရှိပေမယ့် ပြည်တွင်း ကုလားပဲတွေကတော့
လက်ကျန်လျော့နည်းနေပြီး လက်ရှိပေါက်ဈေးက အမြင့်ဆုံးအနေအထားရှိနေတယ်လို့လည်း
ကုလားပဲကုန်သည်အချို့က ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူ က တစ်ပိဿာ ကို ၃၆၀၀ ကနေ ၃၇၂၀
ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။ကုလားပဲလုံးဖြူကြီးကတော့
တစ်ပိဿာကို ၃၇၅၀ ကနေ ၃၈၃၅ကျပ် ၊ ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၄၉၀၀ ကနေ
၅၁၅၀ ပေါက်ဈေးရှိပြီး ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ် ကို ၂၀၅၀၀၀ ကနေ ၂၀၆၀၀၀
ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်၊ ကုလားပဲ(ဗွီတူး)ကလည်း တစ်အိတ်ကို ၂၁၈၀၀၀
ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ကုလားပဲ ၉၂၉ ကတော့တစ်အိတ်ကို
၂၁၄၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
မုံရွာဈေးကွက်မှာလည်း ကုလားပဲ(ဗွီတူး)အသစ်ကတော့ တစ်တင်းကို ၇၃၂၀၀ ကျပ်ရှိပြီး
တစ်တင်းကို ၇၀၀ ကျပ် ၊ကုလားပဲ(၉၂၉) အသစ်  တစ်တင်းကို ၇၁၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀
ကျပ်၊ ဈေးတက်လာပါတယ်။ ကုလားပဲ(ထိုင်ဝမ်)က တစ်တင်းကို ၆၉၀၀၀ ပေါက်ဈေးရှိပြီး
၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။


စားတော်ပဲ

စားတော်ပဲကတော့ ဈေးတွေ မြင့်တက်လာပါတယ်။ပြည်ပတင်သွင်းမှု ရှိနေပေမယ့် ပြည်တွင်း
စားတော်ပဲ လက်ကျန်လျော့နည်းပြီး အဝယ်သွက်နေတာ ဖြစ်လို့ ဈေးကတော့
ကောင်းနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ စားတော်ပဲ တစ်ပိဿာကို ၆၁၆၅ ကနေ ၆၅၀၀ ပေါက်ဈေးရှိပြီး
တစ်ပိဿာကို ၁၆၅ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၇၈၀၀၀ ကနေ ၃၅၀၀၀၀ ကြားရှိပြီး အမြင့်ဈေးနဲ့
ရှိနေပါတယ်။
ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၁၁၀၀၀၀ ကနေ ၁၁၅၀၀၀ ကြားပေါက်ဈေးရှိပြီး ၂၀၀၀
ကျပ်ဈေးမြင့်တက်လာပါတယ်။


စွန်တာ

စွန်တာပဲကလည်း ဈေးမြင့်တက်လာပါတယ်။တင်ပို့မှုရှိနေတဲ့အတွက်
ပြည်တွင်းဝယ်လိုအားကောင်း နေတယ်လို့ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့စွန်တာနီပြာက တစ်ပိဿာကို ၂၇၈၀ ကနေ ၂၈၇၀ ပေါက်ဈေးရှိပြီး
ဈေးငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၅၀၀၀ ကနေ ၁၄၃၀၀၀ ပေါက်ဈေးရှိပြီး
တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။


ကြက်သွန်နီ

ကြက်သွန်နီကတော့ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ပြည်ပဝယ်လက်တွေ ဈေးကွက်ထဲ
အဝယ် များနေလို့ ဈေးမြင့်တက်နေတာဖြစ်ပြီး ဈေးကွက်ထဲ ကြက်သွန်နီအဝင်ကလည်းပြီးခဲ့
တဲ့အပတ်နဲ့ ယှဉ်ရင် ထက်ဝက်နီးပါးလျော့ကျသွားပါတယ်။ဘုရင့်နောင်ဈေးကွက်ထဲကို
ကားအစီးရေ ၁၆ စီးသာ ဝင်ရောက်ပြီး ပိဿာချန် ၁ သိန်းနီးပါးသာ ဈေးကွက်ထဲ အဝင်ရှိနေတာ
ဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိဿာကို ၁၈၀၀ ကနေ
၂၂၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ ကြက်သွန်နီက တစ်ပိဿာကို ၁၆၀၀ ကနေ ၂၀၀၀
ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၅၀ ကျပ်ဈေးကျတက်လာပါတယ်။မြင်းခြံမှာတော့
တစ်ပိဿာကို ၁၀၀၀ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး ၄၅၀ ကျပ်ဈေးတက်လာပါတယ်။
တစ်လအတွင်း ကြက်သွန်နီ တစ်ပိဿာကို ၁၀၀၀ နီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။ကြက်သွန်
အဝင်ပုံမှန်ရှိရင်တော့ ဈေးတွေ အနည်းငယ်ပြန်ကျဆင်းနိုင်တယ်လို့ ကုန်သည်အချို့က
ဆိုပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကလည်း ဆက်တိုက်ဈေးမြင့်တက်နေတာဖြစ်ပါတယ်။ဈေးကွက်ထဲကို
ရာသီဥတုကြောင့် ကြက်သွန်ကား အဝင်နည်းပြီး ဈေးတွေ မြင့်တက်နေတာလို့ဆိုပါ
တယ်။ဈေးကွက်ထဲကို တရုတ် ကြက်သွန်ကြူ ကုတ်တွေ အဝင်နည်းပြီး ဈေးမြင့် တက်တာ
ကြောင့် ရှမ်းကြက်သွန်တွေ ပါ ဈေးမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာကို ၄၈၀၀ ကနေ ၅၆၀၀ ပေါက်ဈေးရှိပြီး
တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို
၅၀၀၀ ကနေ ၅၃၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကိ ၃၀၀ ကျပ်ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့တစ်ပိဿာကို ၇၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀
ကျပ်ဈေးတက်လာပါတယ်။မော်လမြိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၇၂၀၀
ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
တစ်လအတွင်း ကြူကုတ်တစ်ပိဿာကို ၂၇၀၀ ကျပ်ဈေးမြင့်တက်လာပြီး ရှမ်းကြက်သွန်
တစ်ပိဿာကို ၂၂၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။


သကြား


သကြားဈေးကတော့
ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ကမ္ဘာ့သကြားပေါက်ဈေးနှုန်းမြင့်တက်နေတဲ့
အတွက်ပြည်တွင်း သကြားဈေးလည်း မြင့်တက်နေတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ သကြား က တစ်ပိဿာကို ၃၂၀၀ ကနေ ၃၂၂၀ ပေါက်ဈေးရှိပြီး
တစ်ပိဿာကို ၁၁၀ ဈေးတက်လာပါတယ်။


နှမ်း

နှမ်းဈေးကွက်ကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် အနည်းငယ်ဈေးတက်ပေမယ့်
ဈေးကွက်အတွင်း ဈေးအတက်အကျ သိပ်မရှိပဲ ဈေးငြိမ်နေခဲ့ပါတယ်။အချို့နှမ်းတွေလည်း
ဈေးကွက်ထဲ လက်ကျန်မရှိတော့ပဲ အရောင်းအဝယ်လည်း အေးနေတာ ဖြစ်ပါတယ်။အချို့
နှမ်းတွေကတော့ဈေးကွက်ထဲ အဝင်နည်းပြီးအရောင်းအဝဘ်သွက်နေပါတယ်။
နှမ်းနက်(စမုံ)ကတော့ ဈေးကွက်ထဲ ပုံမှန်အဝယ်ရှိပေမယ့် အရည်အသွေးပေါ်မူတည်ပြီး
ဈေးကောင်းရရှိနေတာဖြစ်ပါတယ်။မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က ၂၅၅၀၀၀ ကနေ
၂၉၅၀၀၀ ကြားပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်အိတ်ကို
၅၀၀၀လောက်ဈေးမြင့် တက်လာပါတယ်။


နှမ်းညို

နှမ်းညိုကလည်း ဈေးကွက်ထဲ အဝင်ကျဲပေမယ့် အရောင်းအဝယ်ရှိနေပြီး ဈေးကလည်း
အနည်းငယ်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၆၅၀၀၀ ပေါက်ဈေးရှိပြီး
တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတဘ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို
၈၇၀၀၀ပေါက်ဈေးရှိပါတယ်။


ပန်းနှမ်း

ပန်းနှမ်းကတော့ဈေးကွက်ထဲ ပစ္စည်းလက်ကျန်လျော့နည်းနေပြီး ဈေးကလည်း
မြင့်တက်နေပါတယ်။မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၈၅၀၀၀ ကနေ ၁၈၇၀၀၀
ပေါက်ဈေးရှိပြီး တစ်အိတ်ကိ ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *