ဈေးကွက်သုံးသပ်ချက် (၁၂.၅.၂၀၂၃) မှ (၁၉.၅.၂၀၂၃)

ဆန်စပါး

ဒီတစ်ပတ်မှာလည်း ရန်ကုန်ဈေးကွက်မှာ ဆန်ချောရော ဆန်ကြမ်းဈေးတွေ မြင့်တက်လာပါတယ်။ဈေးကွက်ထဲ ကို နွေစပါးတွေ အဝင်ရှိနေပေမယ့် အဝင်နည်းသေးပြီး မိုးစပါးလက်ကျန်လည်း မရှိသလောက် နည်းသွားပြီ ဖြစ်လို့ ဈေးတွေ က မြင့်တက်နေတာ ဖြစ်ပါတယ်။ မုန်တိုင်းအပြီး စိုက်ခင်းဧကတွေ ပျက်စီးမှုတွေကြောင့် စပါးဈေးက လက်ရှိပေါက်ဈေးထက် မြင့်လာနိုင်တယ်လို့ စပါးစိုက်တောင်သူတွေက ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဆန်ချောတွေဖြစ်တဲ့ ‌ေမြောင်းမြ၊ဖျာပုံ၊ဒေးဒရဲတို့က တစ်အိတ်ကို ၈၄၀၀၀ ကနေ ၉၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး  တစ်အိတ်ကို ၂၀၀၀လောက်ဈေးမြင့်တက်လာပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထကတော့ တစ်အိတ်ကို ၅၉၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ဧည့်မထ ၂၅မှတ်တန်ကတော့ တစ်အိတ်ကို ၅၄၀၀၀ ကနေ ၅၅၀၀၀‌ေ ပါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ငစိန်ဆန်ကတော့တစ်အိတ်ကို ၅၆၀၀၀ ကနေ ၅၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊သီးထပ်ဆန်ကတော့တစ်အိတ်ကို ၅၈၀၀၀ ကနေ ၆၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၂၀၁၅၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၈၈၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၈၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်၊ပုသိမ်ဧည့်မထစပါး ကတော့တင်း ၁၀၀ ကို ၁၆၃၇၀၀၀ ပေါက်ဈေးရှိပြီး ၇၃၀၀၀ ကျပ်၊ဧည့်မထဆန်ကတော့တစ်အိတ်ကို ၆၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ် ဈေးတက်လာပါတယ်။

အခြား မြောင်းမြ၊ဒေးဒရဲ၊ဖျာပုံ၊လပွတ္တာပေါ်ဆန်းစပါး တို့ကတည်း တင်း ၁၀၀ ကို အနိမ့်ဆုံး ၈၀၀၀၀ ကနေ ၁၀၀၀၀၀ ကြားဈေးမြင့်တက်လာခဲ့ပါတယ်။ ၂ ပတ်အတွင်း စပါးတင်း ၁၀၀ ကို ငွေကျပ် ၃ သိန်း နီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ဈေးကွက်အတွင်းဈေးတွေ မြင့်တက်နေပေမယ့် အရောင်း အဝယ်ကတော့ အများကြီး မရှိဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။ မုန်တိုင်းနောက်ဆက်တွဲကြောင့် ပျက်စီးမှုတွေ ရှိခဲ့ပြီးသယ်ယူပို့ဆောင်စရိတ်မြင့်တက်မှုတွေကြောင့် ပြည်တွင်းဈေးတက်နေတာ ဖြစ်ပေမယ့် ပြည်ပFOB ပေါက်ဈေးနှုန်းကတော့ ငြိမ်နေပါတယ်။

အိန္ဒိယနိုင်ငံကို တင်ပို့ရောင်းချရာမှာလည်း ကုန်သည်တွေက ဈေးအတက်ကို စောင့်ပြီး လှောင်နေတာတွေ ရှိနေလို့ ဈေးတည်ငြိမ်ဖို့ အတွက် နှစ်နိုင်ငံအစိုးရချင်းတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ကုန်သွယ်ရေး သတင်းတွေ မှာ ဖော်ပြထားပါတယ်။

ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၂၂၇၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၈၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင်တစ်အိတ်ကို ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကိ ၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။

အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊မုံရွာ၊ပြည်တို့မှာလည်း တစ်တင်းကို ၇၀၀၀၀ ကနေ ၇၄၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃၀၀၀ ‌ေလာက်ဈေးမြင့်တက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ဆက်တိုက်ဈေးမြင့်တက်နေပြီး တစ်တန်ကို သိန်း ၃၀ ထိ ရောက်နိုင်မလား ဆိုတာ စောင့်ကြည့်နေရတဲ့အ ခြေအနေ ဖြစ်နေပါတယ်။ တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၂သိန်းနီးပါးမြင့်တက်လာခဲ့တာပါ။ လက်ရှိပြည်တွင်းမှာ ဈေးမြင့်တက်နေပေမယ့် ရောင်းစရာ ပစ္စည်းလက်ကျန်မရှိဘူးလို့ နယ်ကုန်စည်ဒိုင်တွေ ထံကနေ သိရပါတယ်။

ပဲစင်းငုံနီဈေးမြင့်တက်တာဟာ အိန္ဒိယနိုင်ငံရဲံ လိုအပ်ချက်ကြောင့် အပြင် ပြည်တွင်း ပဲ အထွက်နှုန်းလျော့နည်းတာတွေကြောင့် လည်း ပါဝင်ပါတယ်။အိန္ဒိယနိုင်ငံကတော့ ပဲစင်းငုံနီ လိုအပ်ချက်မြင့်မားနေမှုနဲ့အတူ ပဲဈေးကွက်ကို ထိန်းချုပ်ရန်ကြိုးပမ်းနေပေမယ့်လည်း လက်ရှိအချိန်ထိ ပဲဈေးက မြင့်တက်နေဆဲ အနေအထား မှာ ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၇ သိန်းနီးပါးထိ ရောက်ရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂ သိန်းနီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၄၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေးကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၈၀၀၀၀ ကနေ ၈၂၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ လတ်တလော ဈေးကွက်ထဲကို အဝင်နည်းပြီး ဈေးကလည်း အနည်းငယ်သာ အပြောင်းအလဲ ရှိနေပါတယ်။ အခြား ပို့ကုန်ပဲတွေ ဈေးမြင့်တက်နေတဲ့အတွက် အနည်းငယ်ဈေးမြင့်တက်နေပေမယ့် အရောင်းအဝယ်အေးနေတယ်လို့ ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၈၃၀ ကျပ်၊ပဲခူးရွှေဝါက တစ်ပိဿာကို ၃၆၃၀ ကျပ်နဲ့ဈေးငြိမ်ပါတယ်? ဝါးခယ်မကတော့ တစ်ပိဿာကို ၂၃၃၀ ကနေ ၂၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း အထက်စတွေ ဖြစ်တဲ့ ရွှေဝါတို့က အရောင်းအဝယ်မရှိပဲ ပဲတီစိမ်း အညာက တစ်အိတ်ကို ၁၉၀၀၀၀ က နေ ၁၉၇၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေး တက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၂၅၀၀ ကနေ ၆၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ လောက်သာ ဈေးမြင့်တက်လာပါတယ်။

ကုလားပဲ

ကုလားပဲကတော့ လက်ရှိမှာ အမြင့်ဆုံးဈေး ရောက်ရှိနေပါတယ်။မုန်တိုင်းကြောင့် စိုက်ခင်းတွေ ပျက်စီးခဲ့ပြီး ပဲအဝင်တွေ နည်းတဲ့အတွက်ဈေးတွေ မြင့်တက်လာခဲ့တာ ဖြစ်တယ်လို့ ကုလားပဲကုန်သည်အချို့က ဆိုပါတယ်။

လက်ရှိပေါက်ဈေးသည် မျှော်မှန်းထားတဲ့ ဈေးထက် မြင့်မားနေတာ ဖြစ်တဲ့အတွက် ယာယီအခြေအနေ လောက်သာ ဖြစ်နိုင်ခြေရှိပြီး ဈေးပြန်ကျဆင်းနိုင်တယ်လို့  ကုန်သည်အချို့က ခန့်မှန်းထားပါတယ်။

ကုလားပဲက ပြီးခဲ့တဲ့ နှစ်ကတည်းက အထွက်နှုန်းလျော့နည်းခဲ့တာ ဖြစ်ပြီး လက်ရှိ အသစ်ပေါ်နေချိန် ပျက်စီး ဆုံးရှုံးတာတွေကြောင့် ကုလားပဲဈေးက လက်ရှိပေါက်ဈေးနှုန်းထက် ကျဆင်းနိုင်ခြေ ရှိမရှိကတော့ စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၃၉၁၅ ကနေ ၄၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ကျပ်၊ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၀၈၀ ကနေ ၄၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်နီးပါး ဈေးတက်လာပါတယ်။ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၅၀၀၀ ကနေ ၅၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၂၁၀၀၀ ကနေ ၂၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၄၀၀၀ ကျပ်၊ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၂၃၁၀၀၀ ကနေ ၂၃၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၄၀၀၀ ကျပ်၊ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၂၃၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း ကုလားပဲ ထိုင်ဝမ် က တစ်တင်းကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀၀ ကျပ်၊ကုလားပဲ ၉၂၉ က တစ်တင်းကို ၇၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲကြီး

ပဲကြီးဈေးကလည်း မြင့်တက်လာပါတယ်။ဈေးကွက်ထဲကို အဝင်နည်းနေတာ ဖြစ်လို့ ဈေးတက်လာတာဖြစ်ပါတယ်။ ပဲကြီးကပြည်တွင်း ဝယ်ယူမှု များပြီး စိုက်ဧက လည်း လျော့နည်းတာ ဖြစ်လို့ ဈေးကောင်းရရှိတဲ့ ပဲလည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီးက ၄၄၃၀ မှ ၄၇၈၀ ပေါက်ဈေးရှိပြီး အတက်ဈေးနဲ့ဈေးငြိမ်ပါတယ်။

 မန္တ္ လေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၂၅၀၀၀၀ ကနေ ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၈၉၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ထောပတ်ပဲ

ထောပတ်ပဲကလည်း ဈေးမြင့်တက်နေပါတယ်။ပြည်ပတင်ပို့မှု ရှိနေပေမယ့် ပဲ အဝင်နည်းတဲ့အတွက် ဈေးတွေ  မြင့်တက်နေတာပါ။  ပဲထောပတ်ပဲက ပုံမှန်ဈေး အရောင်းအဝယ်ရှိခဲ့ပေမယ့် ယခုနှစ်မှာ ပြည်ပဝယ်ယူမှု များလာတဲ့အတွက် ဈေးက ပုံမှန်ထက်အများကြီး မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃၈၂၅ ကျပ်ပေါက်ဈေးရှိပြီး အမြင့်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်သုံးတင်းဝင် တစ်အိတ်ကို ၂၃၀၀၀၀ ကနေ ၂၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။

စီပီပြောင်း

စီပီပြောင်းကလည်း ဈေးပြန်မြင့်တက်လာပါတယ်။ထိုင်းနိုင်ငံတွင်း ရွေးကောက်ပွဲ အခြေအနေကြောင့် ထိုင်းငွေဈေးမြင့်လာတာနဲ့အတူ ပြောင်းဈေးတွေ မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။အရောင်း အဝယ်ကတော့ လက်ရှိမှာ ပုံမှန်ရှိနေပေမယ့် မုန်တိုင်းအခြေအနေကြောင့် ပြောင်းကားအဝင်နည်းတယ်လို့ ပြောင်းကုန်သည်အချို့က ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၂၂၀ ကနေ ၁၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၆၂၅၀၀ ကနေ ၆၃၀၀၀‌ေ ပါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၀၃၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ တစ်ပတ်အတွင်း ဈေးမြင့်တက်လာခဲ့ပြီး တစ်ပတ်အတွင်းဈေးတွေ ပြန်ကျဆင်းသွားခဲ့ ပါတယ်။ မုန်တိုင်းကြောင့် ဈေးကွက်ထဲကို အဝင်နည်းခဲ့ပြီး အဝယ်လည်း သွက်လာကာ ဈေးတက်လာတာ လို့သိရပါတယ်။လက်ရှိမှာတော့ ဈေးကွက်ထဲကို ပုံမှန်အဝင်ရှိနေပြီး မိုးကြောင့် အရည်အသွေးပိုင်း ပျက်စီးမှုတွေရှိကာ ဈေးကောင်းမရရှိဘူးလို့ ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီက လတ်တလောပေါက်ဈေး တစ်ပိဿာကိ ၁၇၀၀ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးအပြောင်းအလဲ မရှိပေမယ့်တစ်ပတ်အတွင်းမှာတော့ တစ်ပိဿာကို ၂၃၀၀ အထိ ဈေးမြင့်တက်လာခဲ့ပါတယ်။

ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၁၅၀၀ ကနေ ၁၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀လောက်ဈေးပြန်ကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဈေးကတော့ ဈေးပြန်ကျဆင်းသွားပါတယ်။ဈေးကွက်ထဲကို အဝင်များနေပြီး ရှမ်းကြက်သွန် အသစ်တွေ  အပြင် ကြူကုတ်တွေလည်း ဈေးကွက်ထဲကို အများအပြားဝင်ရောက်နေတာ ဖြစ်လို့ ဈေး က ကျဆင်းသွားတာ ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၄၂၀၀ ကနေ ၆၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြူကုတ်ကလည်း တစ်ပိဿာကို ၆၇၀၀ ကနေ ၆၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူက လက်လီဈေးကွက်မှာတော့ တစ်ပိဿာကို ငွေကျပ် ၉၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။

နှမ်းမျိုးစုံ

ရက်အတန်ကြာငြိမ်နေခဲ့တဲ့ နှမ်းမျိုးစုံက ဒီတစ်ပတ် မုန်တိုင်းကြောင့် စိုက်ခင်းဧကတွေ ပျက်စီးခဲ့ပြီး ဈေးတွေလည်း မြင့်တက်လာခဲ့ပါတယ်။နယ်အချို့မှာ နှမ်းအသစ်တွေ ဝင်နေပြီ ဖြစ်ပေမယ့် မိုးကြောင့် ပျက်စီးခဲ့ပြီး အရည်အသွေးလည်းမကောင်းဘူးလို့ နှမ်းကုန်သည်တွေ ထံကနေသိရပါတယ်။

မန္တလေးဈေးကွက်မှာတော့ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၃၀၀၀၀၀ ကနေ ၃၄၀၀၀‌၀ ‌ေပါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။အောင်လံဈေးကွက်မှာလည်း တစ်အိတ်ကို ၂၉၅၀၀၀ ကနေ ၃၀၅၀၀၀‌ေ ပါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းဖြူကတော့ ဈေးကွက်ထဲ အသစ်တွေ အနည်းငယ်ဝင်နေပြီး ဈေးကောင်းနေပါတယ်။နှမ်းဖြူ(ဂျပန်)က မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၃၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀လောက်ဈေးမြင့်တက် လာပါတယ်။ နှမ်းဖြူရိုးရိုးကတော့ တစ်အိတ်ကို ၃၂၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးတက်ပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၀၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းညိုကလည်း အသစ်တွေ ဝင်ရောက်နေပေမယ့် ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၇၅၀၀၀ ကနေ ၂၇၈၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၃၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပန်းနှမ်းကလည်း တစ်အိတ်ကို ၂၀၀၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *