ဈေးကွက်သုံးသပ်ချက် (၆.၂.၂၀၂၃) မှ ( ၁၀.၂.၂၀၂၃)

မတ်ပဲ

မတ်ပဲက ပြီးခဲ့တဲ့ အပတ်နဲ့နှိုင်းယှဉ်ရင် ဈေးအပြောင်းအလဲ မရှိပေမယ့် တစ်ပတ်အတွင်းမှာတော့ မတ်ပဲ ဈေးဟာ ၁၈ သိန်းအောက်ထိ ပြန်လည် ကျဆင်းသွားခဲ့ပါတယ်။ ရက်ပိုင်းအတွင်း ဒေါ်လာဈေး အတက်အကျရှိနေတဲ့အပြင် အဝယ်ပြန်လိုက်လာတယ်လို့ကုန်သည်အချို့က ဆိုပါတယ်။ မတ်ပဲ ဈေး တက်နေတာဟာ အတက်ဈေးနဲ့လှောင်လက်တွေက ဈေးဆွဲတင်နေတာလို့ ကုန်သည်အချို့က သုံးသပ် ပြီး အရောင်းရှိပေမယ့် အဝယ်မရှိလို့ ဈေးတွေ ပြန်ကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲက သောကြာနေ့ ဈေးနှုန်း ၁၈ သိန်း ၂ သောင်းပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကွာခြားမှု မရှိပါဘူး။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၇၉၀၀၀ ကနေ ၁၈၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

၊မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို ၅၉၅၀၀ ကနေ ၆၁၅၀၀  ကြားပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းမှာတော့ ၁၅၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ တစ်တန်ကို သိန်း ၂၀ ကျော်ထိ ဈေးမြင့်တက်လာပါတယ်။ဈေးကွက်အတွင်း မှာ ပဲစင်းငုံနီ  လက်ကျန်ပြတ်တဲ့အထိ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ပဲ မရှိတော့တဲ့အတွက် ဈေးတွေ ဆက်တိုက်မြင့်တက်လာတာ ဖြစ်တယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။

ပဲစင်းငုံနီကတော့ လက်ရှိမှာ အိန္ဒိယဝယ်လိုအားရှိနေတဲ့အပြင် တရုတ်နိုင်ငံတင်ပို့မှုလည်း ရှိနေတာ ဖြစ်လို့ ဈေးက ဆက်ပြီး တက်ဦးမယ်လို့ ပဲကုန်သည်တွေက သုံးသပ်ထားပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို သိန်း ၂၀ ကျော်အထိ ဈေးမြင့်တက်လာပြီး ပြီးခဲ့တဲ့  အပတ်နဲ့နှိုင်းယှဉ်ရင် တစ်တန်ကို ၅ သောင်းကျော်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၈၈၀၀၀ ကနေ ၁၈၉၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၆၀၀၀၀ ကနေ ၆၃၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ လောက်ဈေးတက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာ တော့ ဈေးတွေ ဆက်တိုက်မြင့်တက်လာပြီး နယ်ဈေးကွက် မှာတော့ ဈေးကျဆင်း ဈေး ပြန်ငြိမ်သွားပါတယ်။နှစ်ကူးပိတ်ရက်အပြီး အရောင်းအဝယ်တွေ ပုံမှန် ပြန်ဖြစ် လာပြီး ဈေး လည်း ငြိမ်သွားတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပဲခူးရွှေဝါ။ခရမ်းရွှေဝါ၊ဝါးခယ်မ )တို့က တစ်ပိဿာကို ၂၇၅၀ ကနေ ၃၇၅၀ကြား ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၆၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၆၀၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ၊ခရမ်းရွှေဝါတို့ကလည်း တစ်အိတ်ကို ၁၉၀၀၀၀ ကနေ ၂၁၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။။

မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်းသေးက တစ်တင်းကို ၄၃၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၅၇၀၀၀ ကြားပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။

ကုလားပဲ

ဈေးတွေ ဆက်တိုက်မြင့်တက်လာတဲ့ ကုလားပဲက ဒီတစ်ပတ်မှာတော့ဈေးတွေ ပြန်ကျဆင်းသွားပါ တယ်။နယ်ဈေးကွက်တွေကနေ ကုလားပဲတွေ အဝင်ပြန်သွက်လာလို့ ဈေးတွေ ပြန်ကျဆင်းသွား တာ ဖြစ်ပါတယ်။ကုလားပဲက လက်ကျန်လုံးဝမရှိတဲ့တော့အပြင် အထွက်နှုန်းလည်း နည်းလို့ အများကြီး ဈေးကျဆင်းနိုင်မှာမဟုတ်ဘူးလို့ ပဲကုန်သည်တွေက ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၃၁၆၅ ကနေ ၃၂၅ကျပ်၊  ကုလားပဲလုံးဖြူကြီးအဟောင်းကတော့  တစ်ပိဿာကို ၃၂၅၀ ကနေ ၃၄၁၅ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ် ကို ၁၇၅၀၀၀ ကနေ ၁၇၆၀၀၀ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၁၁၀၀၀ ကျပ်၊ကုလားပဲ (၉၂၉)   ကတော့ တစ်အိတ်ကို ၁၈၀၀၀၀  တစ်အိတ်ကို ၁၀၀၀၀ ကျပ်၊ ကုလားပဲ(ဗွီတူး)က တို့က တော့တစ်အိတ်ကို ၁၈၇၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်၊ကုလားပဲ(ဗွီဆဲဗင်း)ကလည်း တစ်အိတ်ကို ၁၈၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၁၀၀၀ ကျပ်  အသီးသီး ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာလည်း ကုလားပဲ(ဗွီတူး)အသစ်ကတော့ တစ်တင်းကို ၆၂၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၅၀၀ကျပ်၊ ကုလားပဲ(၉၂၉) အသစ်  တစ်တင်းကို ၆၀၀၀၀   ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀၀ကျပ်၊ကုလားပဲ(ထိုင်ဝမ်)ကတော့ တစ်တင်းကို ၆၀၀၀၀ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် အသီးသီး  ဈေးကျဆင်းသွားပါတယ်။

ပဲလွန်း

ပဲလွန်းတွေကတော့ ဆက်တိုက်ဈေးမြင့်တက်ရာကနေ ပြီးခဲ့တဲ့အပတ်လောက်ကနေ စပြီးရန်ကုန် ဈေးကွက်မှာ ဈေးတွေ ပြန်ကျဆင်းလာပါတယ်။ဈေးကွက်ထဲ အသစ်တွေ အများအပြား ဝင်ရောက် နေတဲ့အတွက်ဈေးတွေ ကျဆင်းသွားတာ ဖြစ်ပါတယ်။မန်းဈေးကွက်မှာတော့ အဝင်ရှိသ လောက် အဝယ်ရှိ နေတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူက တစ်ပိဿာကို ၂၀၈၀ ကနေ ၂၂၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၃၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ပဲလွန်းနီကတော့တစ်ပိဿာကို ၃၃၆၅ ကနေ ၃၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ ပဲလွန်းပြာက တစ်တင်းကို ၄၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲပုတ်

ပဲပုတ်ဈေးတွေကတော့ ဈေးမြင့်နေပါတယ်။ဆီအတွက်ဝယ်ယူမှုတွေ ရှိနေတယ်လို့သိရပါတယ်။ ဈေးကွက်ထဲ အဝင်လည်း ပုံမှန်ထက်လျော့နည်းနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲပုတ်(ဆီတိုး)က တစ်ပိဿာကို ၃၁၀၀ ကနေ ၃၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေး တက်လာပါတယ်။ပဲပုတ်(အထွက်တိုး)ကတော့တစ်ပိဿာကို ၂၉၆၅ ကနေ ၃၀၀၀ ပေါက်ဈေးရှိပြီး အတက်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာ ပဲပုတ်(ရှမ်း) တစ်အိတ်ကို ၁၆၅၀၀၀ ကနေ ၁၇၀၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ပဲပုတ်(ဗမာ)ကတော့တစ်အိတ်ကို ၁၈၅၀၀၀ ကနေ ၁၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ကျပ်ဈေးကျဆင်းပါတယ်။

မြင်းခြံဈေးကွက်မှာတော့ တစ်ပိဿာကို ၃၂၅ ကနေ ၃၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ကျပ်ဈေးတက်လာပါတယ်။

မြေပဲဆံ

မြေပဲဆံကတော့ ဆက်ပြီး ဈေးမြင့်တက်နေပါတယ်။ပြည်ပကနေ အဝယ်ရှိတယ်လို့ သိရပြီး ပြည်တွင်း မှာ လည်း လက်ကျန်နည်းနေပြီး  ဆီစက်ပိုင်ရှင်တွေကလည်း ဝယ်ယူသိုလှောင်မှုတွေ ပြုလုပ်နေတယ် လို့သိရပါတယ်။

မန္တလေးဈေးကွက်မှာ မြေပဲလုံးဆံနီက တစ်ပိဿာကို ၇၂၀၀ ကနေ ၇၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ကျပ်ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ မြေပဲလုံးဆံနီက တစ်ပိဿာကို ၇၂၅၀ ကနေ ၇၃၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်၊မြေပဲလုံးဆံဖြူကတော့တစ်ပိဿာကို ၆၅၀၀ ကနေ ၆၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာလည်း မြေပဲလုံးဆံဖြူက တစ်ပိဿာကို ၆၃၀၀ ပေါက်ဈေးရှိပြီး တစ်ိပဿာကို ၃၀၀ ကျပ်ဈေးတက်လာသလို မြေပဲလုံးဆံနီကလည်း တစ်ပိဿာကို ၇၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာ ကို ၂၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

ဝါ

ဝါဈေးတွေကတော့ ဈေးပြန်မြင့်တက်နေပါတယ်။ဂွမ်းအတွက် ကုန်ကြမ်းရှားပါးတဲ့အတွက်ဈေးတွေ မြင့်တက် နေ တာ လို့ သိရပါတယ်။

အောင်လံဈေးကွက်မှာ ဝါအသန့် တစ်ပိဿာကို ၃၁၀၀ ကနေ ၃၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ဈေးတွေ မြင့်တက်နေပေမယ် ဝါတောင်သူတွေ မှာတော့ လက်ကျန်မရှိ တော့ဘူးလို့သိရပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးတွေ ပြန်ကျဆင်းလာပါတယ်။တရုတ်ဘက် က ကြက်သွန်ဖြူတွေ အဝင်ပြန်သွက်လာသလို ပြည်တွင်း ရှမ်း ကြက်သွန်တွေလည်း ဈေးကွက်ထဲ အဝင် ပြန်သွက်လာလို့ ဈေးက ကျဆင်းလာတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(အောင်ပန်း)က တစ်ပိဿာကို ၄၈၀၀ ကနေ ၆၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၆၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။

ငရုတ်

ငရုတ်ဈေးကတော့ ကျဆင်းပါတယ်။တရုတ်နဲ့ ထိုင်းနိုင်ငံကို တင်ပို့နေပေမယ့် ငရုတ်ထွက်တဲ့ ရာသီ ဖြစ်တဲ့အတွက် အဝယ်နည်းသွားတယ်လို့သိရပါတယ်။ပြည်တွင်းမှာလည်း ငရုတ်အသစ်တွေ ဈေးကွက် ထဲ ဝင်နေပြီး အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ငရုတ်မြှားနီက တစ်ပိဿာကို ၁၀၀၀၀ ကနေ ၁၁၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ကျပ်၊ငရုတ်ပန်းရဲကလည်းတစ်ပိဿာကို ၁၀၀၀၀ ကနေ ၁၁၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ ငရုတ်မိုးထောင်က တစ်ပိဿာကို ၁၂၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

နှမ်းမျိုးစုံ

နှမ်းမျိုးစုံကတော့ဆက်တိုက်ဈေးမြင့်တက်နေရာကနေ ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ်ပြန်ကျဆင်း သွားပါတယ်။ဈေးကွက်အတွင်း  အရည်အသွေးကောင်းတဲ့နှမ်းတွေ ရှားပါးလာပြီး အဝယ်နည်းသွားလို့ ဈေးတွေ ကျဆင်းသွားတယ်လို့သိရပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၂၇၅၀၀ကနေ ၃၁၀၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။အောင်လံဈေးကွက်မှာလည်း တစ်အိတ်ကို ၂၅၀၀၀၀ ကနေ ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ် ၊ပခုက္ကူဈေးကွက် မှာတော့ တစ်တင်းကို ၆၈၀၀၀ ကနေ ၉၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

နှမ်းဖြူ

နှမ်းဖြူကတော့ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၃၁၀၀၀၀ ကနေ ၃၂၀၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၂၅၀၀၀၀ နဲ့ဈေးငြိမ်နေပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၀၀၀၀၀ ကနေ ၁၀၃၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃၀၀၀ကျပ်ဈေးတက်လာပါတယ်။

နှမ်းညို

နှမ်းညိုကလည်း မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၄၈၀၀၀ ကနေ ၂၅၅၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၂၀၀၀ကျပ်ဈေးကျဆင်းပါတယ်။

ပန်းနှမ်း

ပန်းနှမ်းကတော့ဆက်တက်ဈေးမြင့်တက်နေရာမှာ အဝင်လည်း နည်းသွားတဲ့အတွက်ဈေးတွေ ပြန်ကျဆင်း သွားပါတယ်။

မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၇၀၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ကျပ်ဈေးကျဆင်း သွားပါတယ်။

နှမ်းမျိုးစုံကတော့ ပြီးခဲ့တဲ့ နှစ် ကာလတူ အခြေအနေနဲ့နှိုင်းယှဉ်ရင် သုံးတင်းဝင် တစ်အိတ်ကို ထက်ဝက်ကျော်ဈေးမြင့်တက်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *