ဈေးကွက်သုံးသပ်ချက် (၂၀.၂.၂၀၂၃) မှ ( ၂၄.၂.၂၀၂၃)

မတ်ပဲ

မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။တစ်ပတ်အတွင်း အဝင်ပေါ်မူတည်ပြီး ဈေး အတက်အကျရှိနေတာပါ။ပဲ အသစ်တွေကတော့ ဈေးကွက်ထဲ အဝင်နည်း ပြီး ဝယ်လက်တွေကတော့ ပုံမှန်ရှိတယ်လို့သိရပါတယ်။ငွေလဲလှယ်နှုန်းက လည်း အနည်းငယ်မြင့်တက် နေလို့ မတ်ပဲ ဈေးက အတက်ဈေး နဲ့ ရှိနေတာ ဖြစ်တယ်လို့သိရပါတယ်။

အိန္ဒိယနိုင်ငံကို လာမယ့် ၂၀၂၃ -၂၀၂၄ ဘဏ္ဏာနှစ် အတွင်း တန်ချိန် ၇ သိန်း ထိ ပို့ဖို့ ရှိတယ်လို့ စီးပွား ရေး နဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။အိန္ဒိယနိုင်ငံကမတ်ပဲကို မြန်မာ နိုင်ငံ အပြင် အခြား ပြည်ပ နိုင်ငံတွေကပါ ဝယ်ယူနေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၈ သိန်း ၆ သောင်းပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၁၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၈၀၀၀၀ ကနေ ၁၈၃၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို ၅၉၀၀၀ ကနေ ၆၀၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းမှာတော့ ၂၀၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့နှိုင်းယှဉ်ရင် ဈေးအနည်းငယ်ကျဆင်းပေမယ့် လက်ရှိအချိန်ထိ စံချိန်တင် ဈေးမြင့်တက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံကလည်း ပဲစင်းငုံနီ လိုအပ်ချက်မြင့်မားနေပြီး အထွက်နှုန်းက လျော့နည်းနေတာ ဖြစ်လို့ ပဲစင်းငုံနီကတော့ ဈေးကောင်းရနိုင်မယ်လို့ သုံးသပ်ထားကြပါတယ်။ အိန္ဒိယနိုင်ငံက ပဲစင်းငုံနီကို မြန်မာနိုင်ငံအပြင် ဆူဒန်နိုင်ငံကပါ ဝယ်ယူနေတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာလည်း ပဲစင်းငုံနီက လက်ကျန်လျော့သလောက် ဖြစ်နေပြီး အချို့ဒေသတွေမှာ ဈေးကွက် ဖွင့်ထားပေမယ့် အရောင်းအဝယ် ကတော့ မရှိဘူးလို့ သိရပါတယ်။ လှောင်လက် သမားတွေကလည်း လက်ရှိပေါက်ဈေးထက် အတက်ကို စောင့်နေကြတယ်လို့ ကုန်သည်အချို့က ခန့်မှန်းပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၁၂၆၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ထောင်ဂဏန်းလောက်သာ ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၂၀၀၀၀၀ ကနေ ၂၀၂၀၀၀  ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၂၀၀၀ ကျော်ဈေးမြင့်တက်လာပါတယ်။

နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၆၆၀၀၀ ကနေ ၆၇၅၀၀ ကြား ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းက  ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပေမယ့် နယ်ဈေးကွက်မှာတော့ ဈေးကျဆင်းသွားပါတယ်။မြန်မာ ပြည် အောက်ပိုင်း ကနေ ပဲအသစ်တွေ အများအပြား ဝင်ရောက်နေပြီး ထိပ်စ ပဲတွေက အရည်အသွေးညံ့နေတဲ့ အတွက် ဈေးကျဆင်း ဈေးငြိမ်သွားတာ ဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ဝါးခယ်မ၊ခရမ်းရွှေဝါ)တို့က တစ်ပိဿာကို  ၂၉၃၀ ကနေ ၃၉၁၅ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်းက တစ်အိတ်ကို ၁၄၅၀၀၀ကနေ ၂၂၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

နယ်ဈေးကွက်တွေမှာလည်း ပဲတီစိမ်းက တစ်တင်းကို ၅၀၀ ကနေ ၁၀၀၀ ကြား ဈေးကျဆင်းသွားပြီး အရည်အသွေး အပိုင်း တစ်တင်းကို ၅၁၀၀၀ ကနေ ၅၇၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။

ကုလားပဲ

ကုလားပဲက တစ်ပတ်အတွင်း မှာ နေ့စဉ်အဝင် နဲ့ အဝယ်ပေါ်မူတည်ပြီး အတက်အကျ ရှိခဲ့ပေမယ့်  ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါတယ်။ပဲခွဲစက်တွေက အများဆုံး ဝယ်ယူနေပြီး နေ့စဉ် အဝင်ကလည်း အများကြီး မရှိသေးဘူးလို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့  ကုလားပဲလုံးဖြူနဲ့ ကုလားပဲလုံးဖြူကြီးတို့က  တစ်ပိဿာ ကို ၃၂၅၀ ကနေ ၃၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၄၁၀၀ ကနေ ၄၄၀၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ် ကို ၁၈၅၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ ၊ကုလားပဲ (၉၂၉)   ကတော့ တစ်အိတ်ကို ၁၉၀၀၀၀   တစ်အိတ်ကို ၂၅၀၀ ကျပ်၊ ကုလားပဲ(ဗွီတူး)က တို့က တော့တစ်အိတ်ကို ၁၉၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်၊ကုလားပဲ(ဗွီဆဲဗင်း)ကလည်း တစ်အိတ်ကို ၁၉၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်  ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း ကုလားပဲ(ဗွီတူး)အသစ်ကတော့ တစ်တင်းကို ၆၄၀၀၀ ပေါက်ဈေးနဲ့ ဈေးငြိမ်နေပြီး ကုလားပဲ(၉၂၉) အသစ်  တစ်တင်းကို ၆၂၅၀၀   ပေါက်ဈေးရှိကာ  တစ်တင်းကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲထောပတ်

ထောပတ်ပဲကတော့ ယခုနှစ်က ဈေးကောင်းရရှိတဲ့ နှစ်ပါ။ပြည်တွင်း စားသုံးမှု များတဲ့ အပြင် ပြည်ပတင်ပို့မှုလည်း ရှိနေတာ ဖြစ်လို့ ဈေးကွက်ထဲ ဝင်ကတည်းက  အမြင့်ဈေးနဲ့ ရှိနေပါတယ်။  လာမယ့် ဘဏ္ဏာနှစ် အတွင်း မှာ ထောပတ်ပဲကို တန်ချိန် ၃ သောင်းနီးပါး တင်ပို့ဖို့ လျာထားတယ်လို့ စီးပွားကူးသန်းစာရင်းအရ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ထောပတ်က တစ်ပိဿာကို ၃၅၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၃၅ ကျပ်ဈေး တက်လာပါတယ်။

မန္တလေးဈေးကွက်မှာ တော့ သုံးတင်း တစ်အိတ်ကို ၂၁၀၀၀၀ ကနေ ၂၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကိ ၁၅၀၀၀ ကျပ်ဈေး တက်လာပါတယ်။

ပြီးခဲ့တဲ့ နှစ် ကာလတူအခြေအနေ မှာ ထောပတ်က အမြင့်ဆုံးဈေးက တစ်အိတ်ကို ၁၄၀၀၀၀ သာ ပေါက်ဈေးရှိနေခဲ့တာပါ။

ပဲကြီး

ပဲကြီးဈေးကတော့ ၂ ပတ်ဆက်တိုက်ဈေးပြန်ကျဆင်းနေပါတယ်။ နေ့စဉ်အဝင်ပေါ်မူတည်ပြီး အနည်းငယ် အပြောင်းအလဲ ရှိပါတယ်။ အသစ်တွေ ဈေးကွက်ထဲ ဝင်နေလို့ ဈေးတွေ ကျဆင်းနေတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၄၅၁၀ မှ ၄၆၀၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၄၁၃၅ မှ ၄၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၉၀ ကျပ်ဈေးကျဆင်းပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)တို့က တစ်အိတ်ကို  ၂၀၀၀၀၀ ကနေ ၂၃၀၀၀၀ ပေါက်ဈေးရှိနေပြီးတစ်အိတ်ကို ၂၀၀၀၀ ကျပ်လောက်ဈေး ကျဆင်းသွားပါတယ်။

အောင်လံဈေးကွက်မှာတော့  ပဲကြီးက တစ်တင်းကို ၇၇၀၀၀ ကနေ ၈၀၀၀၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၆၆၀၀၀ ကနေ ၇၄၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲယင်း

ပဲယင်းနီကတော့ ဈေးကွက်အတွင်းဈေးတက်ပေမယ့် ပဲယင်းရိုးရိုးကတော့ ဈေးအနည်းငယ်ကျဆင်း သွား ပါတယ်။ဈေးကွက်ထဲ အသစ်တွေ ဝင်ရောက်မှု ရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲယင်းနီက တစ်ပိဿာကို ၃၆၆၅ ပေါက်ဈေးရှိပြီး အမြင့်ဈေးနဲ့ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၂၂၅၀၀၀ ကနေ ၂၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ရိုးရိုးပဲယင်းကတော့ တစ်အိတ်ကို ၁၄၈၀၀၀ ကနေ ၁၅၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

ပုသိမ် ဟင်္သာတ ဈေးကွက်မှာတော့ ပဲယင်းက တစ်တင်းကို ၇၃၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

စီပီပြောင်း

စီပီပြောင်းကတော့ ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ လာမယ့် ဩဂုတ်လ အထိ တင်ပို့ခွင့် ရှိနေတာ ဖြစ်ပါတယ်။

 ပြည်ပနိုင်ငံ တွေကို ပြောင်းတင်ပို့ခွင့် ရှိနေပေမယ့် ဗဟိုဘဏ်က သတ်မှတ်လိုက်တဲ့ ငွေလဲလှယ်နှုန်း ၆၅/၃၅ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံပြောင်းတင်ပို့တဲ့  ကားခ ဈေးမြင့်တက်မှုတွေကြောင့် ကုန်သည်တွေ အနေနဲ့ အထိနာစေပြီး ပြောင်းဈေးကိုလည်း လျော့ချဝယ်ယူမှုတွေ ရှိနေတယ်လို့ စိုက်ပျိုး ရောင်းချ သူတွေက ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပြောင်းဆန်က တစ်ပိဿာကို ၁၂၆၀ ကနေ ၁၂၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေး ကျဆင်းပါတယ်။

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၆၃၀၀၀ ကနေ ၆၃၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်ဈေး ကျဆင်းပါတယ်။ပြောင်း (ရှမ်း၊ဗမာ)တို့ကလည်း တစ်အိတ်ကို ၅၉၀၀၀  ကနေ ၆၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။

မုံရွာဈေးကွက်မှာတော့ စီပီပြောင်းက တစ်တင်းကို ၂၀၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဈေးက ဆက်တိုက်ကျဆင်းနေပါတယ်။ဈေးကွက်ထဲ ရှမ်းကြက်သွန်အပြင် ဗမာသီးတွေ လည်း အဝင်ရှိနေပါတယ်။အရည်အသွေးပိုင်း အားနည်းတဲ့ အတွက်ဈေးတွေ ကျဆင်းနေတာ ဖြစ်ပါတယ်။ကြက်သွန်ဖြူ(ကြူကုတ်)ကလည်း ဈေးကွက်ထဲ အဝင်များ ဈေးကျဆင်းပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(အောင်ပန်း)က တစ်ပိဿာကို ၄၃၀၀ ကနေ ၅၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၃၆၀၀ ကနေ ၃၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေး ကျဆင်းပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၄၈၀၀ ကနေ ၅၀၀၀  ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ကြက်သွန်ဖြူကြူကုတ်ကတော့ တစ်ပိဿာကို ၃၈၀၀ ကျပ်ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

သကြား

သကြားဈေးကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။သကြားကို ပြည်ပနိုင်ငံကဝယ်ယူမှု ရှိနေတဲ့ အပြင် ကမ္ဘာ့သကြားဈေး မြင့်တက်နေတဲ့အတွက် ဈေးတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ သကြားက တစ်ပိဿာကို ၃၀၅၀ ကနေ ၃၀၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ငရုတ်

ငရုတ်ဈေးက အနည်းငယ်ပြန်တက်လာပါတယ်။ဈေးကွက်အတွင်း အရောင်းအဝယ် အနည်းငယ် သွက်နေတဲ့ အတွက် ဈေးကောင်းရနေတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ငရုတ်(ပန်းရဲ)က တစ်ပိဿာကို ၁၀၀၀၀ ကနေ ၁၁၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်၊ငရုတ်(မြှားနီ)ကတော့ တစ်ပိဿာကို ၁၀၀၀၀ ကနေ ၁၀၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ကျပ်ဈေးတက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *