ဈေးကွက်သုံးသပ်ချက် (၃၀.၁.၂၀၂၃) မှ ( ၃.၂.၂၀၂၃)

ဆန် စပါး

ဆန်ဈေးတွေရော စပါးဈေးတွေပါ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။လာမယ့် ဖေဖော်ဝါရီလ အလယ်လောက်မှာ သ‌ေင်္ဘာတင်ပို့မှု ရှိတဲ့အတွက် ဈေးကွက်အတွင်း ဝယ်ယူမှုများပြားနေတယ်လို့ သိရပါတယ်။ ထို့ပြင် ဈေးတွေ ဆက်တိုက်မြင့်တက်နေတဲ့အတွက် ဆက်ပြီး တက်မည်ကို စိုးရိမ်ပြီး ဝယ်ယူမှုများနေတာက ပိုပြီး ဈေးတက်စေတယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။

ရန်ကုန်ဈေးကွက် မှာတော့ ဆန်အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်ကောင်းနေပါတယ်။ ဧရာဝတီတိုင်း ဈေးကွက်မှာ တော့ စပါးဈေးတွေ အဆမတန်မြင့် တက်နေတဲ့အ တွက် ဈေးကွက်ထိန်း ချုပ်မှုပြုလုပ် နေတယ်လို့သိရပါတယ်။ဈေးကွက်အတွင်းမှာတော့ စပါးလက်ကျန်တွေ မရှိတော့တဲ့အတွက် ဆက်ပြီး ဈေးတက်နိုင်ဦးမယ်လို့ ဆန်ကုန်သည်ကြီးတွေက ဆိုပါတယ်။

ရန်ကုန်ဝါးတန်းဈေးကွက်မှာ ပေါ်ဆန်းသစ် (နယ်စုံ၊ဖျာပုံ၊မြောင်းမြ၊ဒေးဒရဲ)တို့က တစ်အိတ်ကို ၆၃၀၀၀ ကနေ ၇၂၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀၀ကျပ် ဈေးမြင့်တက်လာပါတယ်။ တစ်လအတွင်း တစ်အိတ်ကို ၁၀၀၀၀ ကျော်ဈေးမြင့်တက်လာပါတယ်။

ရွှေဘိုပေါ်ဆန်းအသစ်ကတော့  တစ်အိတ်ကို ၇၈၀၀၀ ကနေ ၈၈၀၀၀ ကြားပေါက်‌ ဈေးရှိ နေပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးတက်လာပြီး တစ်လအတွင်း တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ဆန်ကြမ်းတွေ ဖြစ်တဲ့ ဧည့်မထဆန်၊မြီးဒုံးဆန်၊ရက် ၉၀ ဆန်၊တို့ကလည်း တစ်အိတ်ကို ၂၅၀၀ ကနေ ၉၀၀၀ ကြား ဈေးမြင့်တက်လာပါတယ်။

ဧရာဝတီတိုင်းဈေးကွက်မှာလည်း ပုသိမ်၊မြောင်းမြ၊ဒေးဒရဲ၊ဖျာပုံ၊ပေါ်ဆန်းစပါးတို့က  တင်း ၁၀၀ ကို ၁၃ သိန်း  ၇ သောင်းကနေ ၁၅ သိန်း ၅ သောင်းကြားပေါက်ဈေးရှိနေပြီး တင်း ၁၀၀ ကို ၄၀၀၀၀ ကနေ ၁၃၀၀၀၀ ကြား ဈေး မြင့်တက်လာပါတယ်။ ဆန်ကလည်း တစ်အိတ်ကို ၅၄၀၀၀ ကနေ ၆၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀၀ ကနေ ၁၀၀၀၀ ကြားဈေးမြင့်တက်လာပါတယ်။

ဒုတိယတန်းစားစပါးတွေ ဖြစ်တဲ့ ဧည့်မထစပါးတွေက တင်း ၁၀၀ ကို ၁၁ သိန်း ၉ သောင်းကနေ ၁၃ သိန်းနီးပါး ပေါက်ဈေးရှိနေပြီး တင်း ၁၀၀ ကို ၉၀၀၀၀ ကနေ ၁၆၀၀၀၀ ထိ ဈေးမြင့်တက်လာပါတယ်။ဆန်ဈေးကလည်း ၄၄၀၀၀ ကနေ ၅၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၄၀၀၀ ကနေ ၇၀၀၀ ကြားဈေးမြင့်တက်လာပါတယ်။

မတ်ပဲ

မတ်ပဲကတော့ တစ်တန်ကို ၁၈ သိန်းကျော်ထိ မြင့်တက်လာခဲ့ပြီး တစ်ပတ်အတွင်း တစ်တန်ကို ၁ သိန်း ကျော်ဈေးမြင့်တက်လာခဲ့ပါတယ်။ပြည်တွင်း မှာ မတ်ပဲ အများကြီး မထွက်သေးတဲ့ အပြင် အဝင်ရှိသလောက် သွက်နေတယ်လို့ သိရပါတယ်။ထို့ပြင် အမြင့်ဈေးနဲ့ မိထားတဲ့ အဟောင်းလက်ကျန် တွေ ရှိနေတာ ဖြစ်တဲ့ အတွက် ဈေးကို ဆွဲတင်နေတာ ဖြစ်တယ်လို့ ပဲကုန်သည်အချို့က ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲ ဝယ်လိုအားကောင်းပြီး ဈေးတက်ပေမယ့် ပဲ မရှိဘူးလို့ သိရပါတယ်။ပြည် တွင်းပဲလိုအပ်ချက် များနေတဲ့ အိန္ဒိယက မြန်မာ့မတ်ပဲကို ဆက်ပြီး ဝယ်ယူသွားနိုင်လို့ ဈေးက ဆက်တိုက် တက်ဖို့ ရှိနိုင်တယ်လို့ Current content က ရေးသားထားတဲ့  အိန္ဒိယဘာသာပြန် သတင်းမှာ ဖော်ပြထား ပါတယ်။

ပြည်တွင်း မတ်ပဲလှိုင်ချိန်မှာတော့ ဈေးချ ဝယ်ယူမှုတွေ ရှိလာနိုင်တဲ့အတွက် လတ်တလော ရေတိုကာလ မှာတော့ မတ်ပဲဈေးက ကောင်းနေနိုင်ဦးမယ်လို့ ကုန်သည်တွေ ဆိုပါတယ်။အိန္ဒိယကလည်း မြန်မာ့ မတ်ပဲ ထွက်ရှိနှုန်းကို စောင့်ကြည့်နေတာ ဖြစ်တဲ့အတွက် ပြည်တွင်း လှိုင်ချိန် မှာ ဈေးချဝယ်ယူတာမျိုး မူဝါဒပြောင်းလဲတာမျိုး လုပ်ဆောင်နိုင်လို့  စောင့်ကြည့်ရမယ့်အခြေအနေ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၈ သိန်း  ၂သောင်းနီးပါးပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၁ သိန်းနီးပါးဈေးမြင့်တက်လာပါတယ်။တစ်လ အတွင်း တစ်တန်ကို ၁၅၀၀၀၀ နီးပါးဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၇၈၀၀၀ ကနေ ၁၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂၀၀၀ ကျပ် ဈေး တက်ပါတယ်။

၊မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို၅၇၀၀၀ ကနေ ၆၀၀၀၀  ကြားပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းမှာတော့ ၅၀၀၀ နီးပါးဈေးမြင့်တက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း တစ်တန်ကို ၁၉ သိန်းကျော်ထိ ဈေးမြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ လလယ်ပိုင်းလောက်ထိ ဈေးကွက်က ငြိမ်နေခဲ့ရာမှ  ဇန်နဝါရီနောက်ဆုံးအပတ်မှ စတင်ဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ပဲစင်းငုံနီက ပြည်တွင်း ထွက်ရှိမှုနှုန်း နည်းမယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံနီ လိုအပ်ချက် တွေကြောင့် လှောင်လက်တွေ က အများအပြား ဝယ်ယူနေတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း အဝင်ရှိသလောက် အဝယ်ကလည်း ရှိနေပြီး အိန္ဒိယနိုင်ငံအပြင် တရုတ်တင်ပို့မှုလည်း ရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၉ သိန်း ၅ သောင်းပေါက်ဈေးရှိနေပြီး တစ်တန်ကို ၁၂၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။တစ်လအတွင်း တစ်တန်ကို ငွေကျပ် ၂ သိန်းဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၈၄၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို၁၂၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၆၀၀၀၀ ကနေ ၆၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ လက်ရှိမှာ စံချိန်တင်ဈေးမြင့်တက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ၃ နှစ်ကြာ တရုတ် နယ်စပ်တွေ တွေ ပိတ်ထားခဲ့ပြီးနောက် ဈေးတွေ ကျဆင်းလာခဲ့တာ ဖြစ်ပြီး တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တဲ့ အချိန် ဈေးတွေ ဆက်တိုက်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဝယ်ယူအားကလည်း များ ပါတယ်။လက်ရှိ ပဲတီစိမ်းကို တရုတ် နဲ့ အိန္ဒိယကို တင်ပို့နေတာ ဖြစ်ပြီး အခြား ဥရောပ နိုင်ငံတွေကို လည်းတင်ပို့နေတာ ဖြစ်တဲ့အတွက် ပဲတီစိမ်းကတော့ ဈေးက ထပ်ပြီး ကောင်းလာဦးမယ်လို့ ပဲကုန်သည် အများစုက ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပဲခူးရွှေဝါ။ခရမ်းရွှေဝါ၊ဝါးခယ်မ )တို့က တစ်ပိဿာကို ၂၂၈၀ ကနေ ၃၁၂၀ ကြား ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၇၀၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ် ၊ခရမ်းရွှေဝါတို့ကလည်း တစ်အိတ်ကို ၂၁၀၀၀၀ ကနေ ၂၃၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့ ရက် ၂၀ အတွင်း တစ်အိတ်ကို ၈၀၀၀၀ နီးပါးထိ ဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၅၇၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃၀၀၀ ကျပ် ဈေး မြင့်တက်လာပါတယ်။

ကုလားပဲ

ကုလားပဲဈေးကလည်း ဆက်တိုက်ဈေးမြင့်တက်လာပါတယ်။ပြည်တွင်း ဝယ်ယူအားကောင်းနေတယ် လို့သိရပါတယ်။ပဲလှိုင်ချိန်က ဖေဖော်ဝါရီလကုန်ပိုင်းလောက် ဖြစ်လို့  လတ်တလောမှာတော့ ဈေးကောင်း နေဦးမယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၃၁၆၅ ကနေ ၃၂၅၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၈၅ ကျပ်၊ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးအဟောင်းကတော့  တစ်ပိဿာကို ၃၂၅၀ ကနေ ၃၄၁၅ ကျပ်ရှိပြီး  တစ်ပိဿာကို ၁၇၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ် ကို ၁၈၅၀၀၀ ကနေ ၁၈၇၀၀၀ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၁၂၀၀၀ ကျပ်၊ကုလားပဲ (၉၂၉)   ကတော့ တစ်အိတ်ကို ၁၉၀၀၀၀ ကနေ ၁၉၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၄၅၀၀ ကျပ်၊ ကုလားပဲ(ဗွီတူး)က တို့က တော့တစ်အိတ်ကို ၁၉၅၀၀၀ ကနေ ၁၉၇၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ကုလားပဲ(ဗွီဆဲဗင်း)ကလည်း တစ်အိတ်ကို ၁၉၅၀၀၀ကနေ ၁၉၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်  အသီးသီး ဈေးမြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း အသစ်တွေ ဈေးကွက်ထဲကို ဝင်ရောက်နေပြီး ၊ကုလားပဲ(ဗွီတူး)အသစ်ကတော့ တစ်တင်းကို ၆၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ကျပ်၊ ကုလားပဲ(၉၂၉) အသစ်  တစ်တင်းကို ၅၉၅၀၀  ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ကျပ် ဈေးတက်လာပါတယ်။

ပြောင်းဆံ

ပြောင်းဈေးကတော့ ဆက်တိုက်မြင့်တက်နေပေမယ့် မန္တလေးဈေးကွက်မှာတော့ အနည်းငယ်ပြန်အေး သွားပါတယ်။ ထိုင်းနိုင်ငံက ပြောင်းတင်ပို့မှုကို အခွန်ကင်းလွတ်ခွင့် ပြန်ပေးလိုက်တဲ့ အတွက် ဆက်ပြီး တက်နိုင်ဦးမယ်လို့ ပြောင်းကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း တရုတ်တင်ပို့မှု မရှိပေမယ့် ထိုင်းနိုင်ငံကို တင်ပို့နေရတဲ့အတွက် ပြောင်းက ဈေးကောင်းရခဲ့ပါတယ်။ ဒီနှစ်မှာတော့ တရုတ်နယ်စပ်ဂိတ်တွေလည်း ပြန်ဖွင့်နေပြီး အဝယ်ရှိနေတဲ့ အတွက် ပြောင်းက ယခုနှစ် မှာ စံချိန်တင်ဈေးကောင်းရနိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၁၂၈၀ ကနေ ၁၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။တစ်လအတွင်း တစ်ပိဿာကို ၁၃၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်း က တစ်အိတ်ကို ၆၄၀၀၀ ကနေ ၆၅၀၀၀ ကြားပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။၊ဗမာပြောင်း၊ရှမ်းပြောင်း၊တို့ကလည်း တစ်အိတ်ကို ၆၂၀၀၀ ကနေ ၆၆၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြောင်းနီအသစ်ကတော့ တစ်အိတ်ကို ၇၃၀၀၀ နဲ့ ဈေးဖွင့်ပါတယ်။

မုံရွာဈေးကွက်မှာလည်း စီပီပြောင်းက တစ်တင်းကို ၂၂၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀ ကျပ်ဈေးတက်လာပါတယ်။

စားတော်ပဲ

စားတော်ပဲတွေလည်း ဆက်တိုက်ဈေးပြန်တက်လာပါတယ်။ပြည်တွင်းဝယ်ယူမှုကတော့ အဝင်ရှိသ လောက် အဝယ်သွက် နေပြီး အခြား ပဲမျိုးစုံနည်းတူ ဈေးတွေ မြင့်တက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပြီး မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၉၈၀၀၀ ကနေ ၃၂၀၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မကွေးဈေးကွက်မှာတော့ တစ်တင်းကို ၁၀၀၀၀၀ ပေါက်ဈေးရှိနေပြီး ၅၀၀၀ ကျပ်ဈေးတက်လာပါ တယ်။

ပဲထောပတ်

ထောပတ်ပဲတွေကတော့ ဈေးကွက်ထဲ အသစ်တွေ ဝင်နေပြီး ဈေးတွေလည်း ဆက်တိုက်မြင့် တက်နေပါတယ်။အဝင်မလှိုင်သေးတဲ့အတွက် အဝင်ရှိသလောက်အဝယ်လည်း ရှိတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ထောပတ်ပဲကတစ်ပိဿာကို ၃၄၇၅ မှ ၃၇၄၀ နဲ့ ဈေးစဖွင့်ထားပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၈၀၀၀၀ ကနေ ၂၃၀၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀၀ကျပ်ဈေးမြင့်တက်လာပါတယ်။

မြေပဲဆံ

မြေပဲဆံကတော့ လက်ရှိ အမြင့်ဆုံးဈေး ရောက်ရှိနေပါတယ်။ ပွဲတော်ကာလ အဝယ်သွက်နေတဲ့အပြင် ပြည်ပတင်ပို့မှုလည်း ရှိနေတယ်လို့သိရပါတယ်။ ထို့ပြင် ဆီစက်ပိုင်ရှင်တွေကလည်းအဝယ်ရှိနေ ပါတယ်။

မန္တလေးဈေးကွက်မှာ မြေပဲလုံးဆံနီက တစ်ပိဿာကို ၆၈၀၀ ကနေ ၇၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ကျပ်ဈေးတက်လာပါတယ်။ တစ်လအတွင်း တစ်ပိဿာကို ၁၀၀၀ ကျော်ဈေးမြင့် တက်လာခဲ့ပါတယ်။

မုံရွာဈေးကွက်မှာတော့ မြေပဲလုံးဆံနီက တစ်ပိဿာကို ၇၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၅၀ ကျပ်၊မြေပဲလုံးဆံဖြူကတော့တစ်ပိဿာကို ၆၂၀၀ ကနေ ၆၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာလည်း မြေပဲလုံးဆံဖြူက တစ်ပိဿာကို ၆၀၀၀ ပေါက်ဈေးရှိပြီး တစ်ိပဿာကို ၃၀၀ ကျပ်ဈေးတက်လာသလို မြေပဲလုံးဆံနီကလည်း တစ်ပိဿာကို ၆၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာ ကို ၃၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာလည်း ဆက်ပြီး ဈေးကျဆင်းသွားပါတယ်။လာမယ့် ဧပြီလ အထိ ကြက်သွန်အသစ်တွေဈေးကွက်ထဲ ဝင်နေဦးမှာ ဖြစ်လို့ ဆက်ပြီးကျဆင်းနိုင်ဦးမယ်လို့ ကြက်သွန်စိုက် ကုန်သည်တွေက ဆိုပါတယ်။ လက်ရှိပေါက်ဈေးနှုန်းတွေက စိုက်စရိတ်အောက်ထိ လျော့ကျနေတာ ဖြစ် တဲ့အတွက် အဝင်ထိန်းဖို့ကိုလည်း တိုက်တွန်းထားပေမယ့် ယခုထက်ပိုပြီး ဈေးကျဆင်းမည်ကို စိုးရိမ်ပြီး တင်သွင်းရောင်းချမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ကြက်သွန်နီတွေကတော့ လက်ရှိ ပြည်ပတင်ပို့မှုလည်း အေးနေပါတယ်။

ရန်ကုန်ဈေးကွက်ကိုတော့ ကြက်သွန်နီ မြင်းခြံ၊ဆိပ်ဖြူ၊မြစ်သား၊မုံရွာတို့ အဝင်ရှိနေပြီး တစ်ပိဿာကို ၁၂၀၀ ကနေ ၂၁၀၀ ကြား အရောင်းအဝယ်ရှိကာ နေ့စဉ် အဝင်ပေါ်မူတည်ပြီး ၅၀ ၁၀၀ အတက်အကျ ရှိပါတယ်။

မော်လမြိုင်ဈေးကွက်မှာလည်း ကြက်သွန်နီက တစ်ပိဿာကို ၁၆၀၀ ကနေ ၂၁၀၀ ကြားပေါက်ဈေးရှိနေပြီး ၅၀၀လောက်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၆၀၀ ကနေ ၁၃၅၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀ ဈေးကျဆင်းပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *