ဈေးကွက်သုံးသပ်ချက် (၂.၁.၂၀၂၃) မှ ( ၆.၁.၂၀၂၃)

မတ်ပဲ

မတ်ပဲကတော့ ဈေးတွေ ဆက်တိုက်ကျဆင်းနေပါတယ်။အိန္ဒိယနိုင်ငံက မတ်ပဲ ဝယ်ယူဖို့ သက်တမ်းကို လာမယ့် ၂၀၂၄ ခုနှစ်ထိ တိုးမြှင့်လိုက်တဲ့အတွက် ပဲ ဝယ်ယူမှုက အေးသွားပြီး ဈေးက ကျဆင်းသွား တာလည်း ဖြစ်ပါတယ်။ လက်ရှိ မတ်ပဲ CNFပေါက်ဈေးကလည်း လျော့နည်းနေပြီး အိန္ဒိယနိုင်ငံမှာလည်း ဆောင်းမတ်ပဲ အထွက်နှုန်းတိုးတယ်ဆိုတဲ့ သတင်းတွေကြောင့် မတ်ပဲက နေ့စဉ်နဲ့အမျှ ကျဆင်းနေခဲ့တာ လည်း ဖြစ်ပါတယ်။

မတ်ပဲအသစ်တွေကလည်း ဈေးကွက်ထဲ ဝင်နေပြီ ဖြစ်လို့ ဈေးက ဆက်ပြီး ကျဆင်းနေဦးမယ်လို့ ကုန်သည် တွေက ခန့်မှန်းထားပါတယ်။လက်ရှိ ငွေလဲလှယ်နှုန်း ဈေး မြင့်တက်နေတာ ဖြစ်တဲ့အတွက် အများကြီး ကျဆင်းနေတာ မျိုးမရှိဘူးလို့ ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆ သိန်း ၄ သောင်းပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၄ သောင်းကျော်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၆၀၀၀ ကနေ ၁၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

၊မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို၅၂၅၀၀ ကနေ ၅၃၅၀၀၀  ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၃၅၀၀ လောက်ဈေးကျဆင်းပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဈေးတက်ပါတယ်။ ဈေးကွက်ထဲ ပစ္စည်းလက်ကျန်မရှိတဲ့အတွက် အသစ်ထွက်လာတဲ့ ပဲ တွေ အဝယ်လိုက်ပြီး ဈေးတက်နေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ပဲစင်းငုံနီ အထွက်နှုန်းလျော့နည်း မယ်ဆိုတဲ့ သတင်းတွေနဲ့ ရေရှည် မှာ ဈေးက တက်ဦးမယ်လို့  ကုန်သည်တွေရဲ့ ခန့်မှန်းမှုတွေကြောင့် အဝယ်သွက်ပြီး ဈေး တက်နေတာ ဖြစ်ပါတယ်။

တင်ပို့မှုကို ၂၀၂၄ ထိသက်တမ်းတိုးလိုက်တဲ့အတွက် လာမယ့် ရေတို ကာလ အတွင်းမှာတော့ ပဲစင်းငုံနီက ဈေးအေး မယ် အနေအထားမှာ ရှိနေပြီး သိုလှောင်နိုင်လျှင် အကျိုးအမြတ်ရှိလာနိုင်တယ်လို့ ကုန်သည်အများစုက သုံးသပ်ပေ မယ့် အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံနီ တင်သွင်းမှု အခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၇ သိန်း ၇ သောင်းနီးပါးပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သောင်းကျော်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာ လည်း ပဲစင်းငုံနီက တစ်အိတ်ကို ၁၆၅၀၀၀ ကနေ ၁၆၆၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ် အိတ်ကို ၁၀၀၀လောက်ဈေးတက်ပါတယ်။

နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၅၅၀၀၀ ကနေ ၅၆၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၀၀၀လောက်ဈေးမြင့်တက်လာပါတယ်။

ကုလားပဲ

ကုလားပဲကတော့ အသစ်တွေလည်း ဈေးကွက်ထဲကို ဝင်နေပြီး အဟောင်းတွေကလည်း ဈေးကောင်းရရှိနေပါတယ်။ နေရာအချို့ မှာ အသစ်တွေ ဝင်လာတာ ဖြစ်လို့ လက်ကျန်ပဲ တွေကတော့ ဈေးမြင့်ပြီး အရောင်းအဝယ်အေးနေပါတယ်။

ကုလားပဲအသစ်တွေ ဈေးကွက်ထဲ လှိုင်လှိုင်ဝင်လာရင်တော့ ဈေးက ကျဆင်းနိုင်ပေမယ့် အများကြီး ဈေးကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်အချို့က ခန့်မှန်းထားပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၃၀၀၈၀ ကနေ ၃၁၆၅ ကျပ်၊ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၃၃၃၀ ကနေ ၃၄၁၅ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၄၃၀၀ ကနေ ၄၅၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ် ၊ကုလားပဲ (၉၂၉ ၊ကုလားပဲ(ဗွီတူး)က တို့က တော့တစ်အိတ်ကို၁၈၀၀၀၀ ကနေ ၂၀၀၀၀၀ ကြားအရောင်းအဝယ်ရှိနေပြီး ဈေးငြိမ်ပါတယ်။

မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်တင်းကို ကို ၆၁၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀ ကျပ်ဈေးတက်လာပါတယ်။၊ကုလားပဲ(ဗွီတူး)အသစ်ကတော့ တစ်တင်းကို ၆၂၀၀၀ နဲ့ ဈေးဖွင့်ထားပြီး အဟောင်းကတော့ တစ်တင်းကို ၆၆၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀လောက်ဈေးတက် လာပါတယ်။ကုလားပဲ(၉၂၉)အသစ်  တစ်တင်းကို ၆၀၀၀၀ နဲ့ ဈေးဖွင့်ထားပြီး အဟောင်းကတော့ တစ်တင်းကို ၆၂၈၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

ပဲလွန်း

 ပဲလွန်းတွေကတော့ ဈေးကွက်ထဲ အသစ်တွေ ဆက်တိုက်ဝင်နေပြီး နေ့စဉ်ပဲ အဝင်ပေါ်မူတည်ပြီး ဈေးတွေ အတက်အကျရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူက တစ်ပိဿာကို ၂၀၀၀ ကနေ ၂၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေးကျဆင်းပါတယ်။ပဲလွန်းနီကတော့ လက်ရှိ ရန်ကုန်ဈေးကွက်မှာ အဟောင်းတွေ ဈေးတက်နေပါတယ်။တစ်ပိဿာကို ၂၈၃၀ မှ ၂၈၉၅ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁၇၀ လောက်ဈေး မြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာက တစ်အိတ်ကို ၁၀၀၀၀ ကနေ ၁၀၁၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ပဲလွန်းဖြူကတော့ တစ်အိတ်ကို ၁၁၇၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေး တက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ ပဲလွန်းပြာက တစ်တင်းကို ၃၅၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေသလို ပခုက္ကူဈေးကွက်မှာတော့ ပဲလွန်းပြာက တစ်တင်းကို ၃၆၀၀၀ နဲ့ ဈေး ဖွင့်ပါတယ်။ 

ပဲလွန်းပြာတွေ ဈေးကွက်ထဲ အဝင်များနေပြီး ဈေးက ကျဆင်းနေပါတယ်။

ပဲကြီး 

ပဲကြီးကတော့ ဈေးကွက်ထဲ အဝင်နည်းပြီး ဈေးတွေ ပြန်မြင့်တက်လာပါတယ်။အသစ်အချို့လည်း ဈေးကွက်ထဲ ဝင်နေပါတယ်။ပဲကြီးက ပြည်တွင်းဈေးကွက်အားကောင်းပြီး ဈေးကောင်းရတဲ့ ပဲလည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲကြီး(ရွှေကျွန်း)ကတော့ တစ်ပိဿာကို ၄၂၄၅ ကနေ ၄၃၄၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ ပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၃၇၃၅ ကနေ ၃၉၁၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို  ၄၅၀ လောက်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲကြီးက တစ်အိတ်ကို ၂၄၀၀၀၀ ကနေ ၂၇၀၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၅၀၀၀ ဈေးမြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း ပဲကြီးက တစ်တင်းကို ၉၀၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ်ဈေး တက်လာပါတယ်။

ပဲပုတ်

ပဲပုတ်ကလည်း ဈေးကွက်ထဲ အသစ်တွေ ဝင်နေပြီး ဈေးကောင်းရနေပါတယ်။အရောင်းအဝယ်ကတော့ ပုံမှန် ဝယ်ယူမှု ရှိနေပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ ပဲပုတ်(အထွက်တိုး)က တစ်ပိဿာကို ၂၇၅၀ ကနေ  ၂၇၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ပဲပုတ်(ဆီတိုး)ကတော့တစ်ပိဿာကို ၂၇၇၀ ကနေ ၂၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲပုတ်(ဗမာ)က တစ်အိတ်ကို ၂၂၅၀၀၀ ကနေ ၂၃၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေး တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ပိတ်ရက်တွေကြောင့် အဝင်နည်းပြီး ဈေးအနည်းငယ်မြင့်တက်ပါတယ်။ နေ့စဉ် တန်ချိန် ၂ သိန်းနီးပါး‌ေ ဈးကွက်ထဲ ကို အဝင်ရှိနေပြီး နယ်စပ် တင်ပို့မှုကလည်း နည်းနေတဲ့အတွက် ဆက်ိတိုက် ဈေးတက်နေရာမှာ နှစ်ကုန်ခါနီးမှာ ဈေးတွေ ငြိမ်သွားခဲ့တာပါ။ကြက်သွန်နီကတော့ အသစ်တွေ ဈေးကွက်ထဲကို ဆက်တိုက်ဝင်နေတာ ဖြစ်လို့ အဝင်ပေါ်မူတည်ပြီး အတက်အကျကို ထိန်းဖို့ လိုအပ်တယ်လို့ ကြက်သွန်ကုန်သည်တွေက ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၁၇၀၀ ကနေ ၂၆၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ လောက်ဈေးပြန်တက်လာပါတယ်။

ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၁၃၀၀ ကနေ ၂၃၀၀‌ေ ပါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀လောက်ဈေးတက်လာပါတယ်။

အာလူး

အာလူးကလည်း ဈေးကွက်ထဲ အဝင်နည်းလို့ ဈေးက အနည်းငယ်ပြန်တက်လာပါတယ်။ တရုတ်အာလူးတွေ လည်း ဈေးကွက်ထဲကို အဝင်နည်းပါတယ်။

ရန်ကုန်ဈေးကွက်မှာ အောင်ပန်းအာလူးက တစ်ပိဿာကို ၁၇၀၀ ကနေ ၂၀၅၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀လောက်ဈေးမြင့်တက်လာပါတယ်။ တရုတ်အာလူးကလည်း တစ်ပိဿာကို ၂၁၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး တက်ာလပါတယ်။

သီးနှံစုံပေါ်နေတဲ့ ရာသီဖြစ်တဲ့အတွက် အစားနည်းပြီး နေ့စဉ်အဝင်ပေါ်မူတည်ပြီး ဈေး အတက်အကျရှိနေတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

နှမ်းမျိုးစုံ

နှမ်းဈေးကတော့နှစ်ကုန်ခါနီးမှာ ဈေးတွေ ငြိမ်သွားခဲ့ပြီး နှစ်စ မှာတော့ ငွေလဲလှယ်နှုန်းဈေးတွေ ပြန်မြင့်တက်လာတဲ့အတွက် ဈေးတွေလည်း အနည်းငယ်ပြန်လှုတ်ခတ်လာပါတယ်။ နှစ်ကူးခါနီးအချိန် ဖြစ်တဲ့အတွက် တရုတ်ဝယ်ယူမှုလည်း သွက်နေတယ်လို့သိရပါတယ်။ 

နှမ်းနက်(စမုံ)

မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၂၄၀၀၀၀ ကနေ ၂၇၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀၀ကျပ်ဈေးတက်လာပါတယ်။ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၆၅၀၀၀ ကနေ ၉၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀၀ ကျပ်ဈေး တက်လာပါတယ်။

နှမ်းဖြူ

နှမ်းဖြူက မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၆၅၀၀၀ ကနေ ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၈၆၅၀၀ ကနေ ၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းညို

နှမ်းညိုကတော့ လက်ရှိမှာ အဟောင်းရော အသစ်ရော ဈေးကောင်းရရှိနေပါတယ်။ မန္တလေးဈေးကွက်မှာ အသစ်က တစ်အိတ်ကို ၂၂၀၀၀၀ ကနေ ၂၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ကျပ်၊အဟောင်းက တစ်အိတ်ကို ၂၁၀၀၀၀ ကနေ ၂၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေး တက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *