ဈေးကွက်သုံးသပ်ချက် (၉.၁.၂၀၂၃) မှ ( ၁၃.၁.၂၀၂၃)

ဆန် စပါး

ဒီတစ်ပတ်မှာတော့ ဝါးတန်းဆန်ဈေးကွက်မှာ ဆန်အသစ်တွေ ဈေးကွက် စဖွင့်ပါတယ်။ဈေးကွက်အတွင်း ဆန်အဝင် ပုံမှန် ရှိပြီး အရောင်းအဝယ်လည်း ကောင်းနေတယ်လို့သိရပါတယ်။ ဆန်ချော အသစ်ဈေးနဲ့ အဟောင်းဈေးကတော့ ဈေးအများကြီး  ကွာဟမှု မရှိတာကိုလည်း ဈေးကွက်စာရင်းတွေအရ သိရပါတယ်။

နယ်စပ်စခန်းတွေ ပြန်ဖွင့်နေပြီ ဖြစ်လို့ ဆန်တင်ပို့မှုက ဒီထက် ပိုလာနိုင်ပြီး ဈေးတက်နိုင်ဦးမယ်လို့ ဆန်ကုန် သည်တွေက ခန့်မှန်းထားပါတယ်။လက်ရှိမှာလည်း ပြည်တွင်း အသစ်စပါးတွေကတော့ လက်ကျန်မရှိသလောက် ဖြစ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်ဝါးတန်းဈေးကွက်မှာ ပေါ်ဆန်း(နယ်စုံ၊ဖျာပုံ၊မြောင်းမြ၊ဒေးဒရဲ)တို့က တစ်အိတ်ကို ၅၅၀၀၀ ကနေ ၆၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး အဟောင်းဈေးနဲ့ တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကြားကွာဟမှု ရှိပါတယ်။

ရွှေဘိုပေါ်ဆန်းအသစ်ကတော့  တစ်အိတ်ကို ၆၆၀၀၀ ကနေ ၇၂၀၀၀ ကြားပေါက်‌ ဈေးရှိ နေပြီး အဟောင်းနဲ့ ယှဉ်ရင်တော့ တစ်အိတ်ကို ၂၀၀၀၀ နီးပါးကွာဟမှု ရှိပါတယ်။

ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထကတော့ အဟောင်းလက်ကျန်မရှိတော့ဘူးလို့သိရပါတယ်။ဈေးကွကအတွင်းမှာတော့ တစ်အိတ်ကို ၂၅မှတ်တန်က တစ်အိတ်ကို ၄၁၅၀၀ ကနေ ၄၂၅၀၀ ပေါက်ဈေးရှိနေပြီး ဧည့်မထ ရိုးရိုးကတော့ တစ်အိတ်ကို ၄၂၅၀၀ ကနေ ၄၄၀၀၀ ကြားပေါက်ဈေးရှိကာ ဈေးငြိမ်နေပါတယ်။

အခြား ငစိန်သစ်၊ မြီးဒုံးသစ် ၊ရက် ၉၀ ဆန် တို့ကတော့တစ်အိတ်ကို ၄၄၀၀၀ ကနေ ၄၆၀၀၀ ကြားပေါက်ဈေးရှိနေပြီး အဟောင်းနဲ့ ယှဉ်ရင် တစ်အိတ်ကို ၅၀၀၀ ကနေ ၈၀၀၀ ကြားဈေးကွာဟမှု ရှိနေပါတယ်။

ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ကို ၁၄ သိန်းကျော်ပေါက်ဈေးရှိနေပြီး ဆန်ကတော့တစ်အိတ်ကို ၅၅၀၀၀ ပေါက်ဈေးရှိနေပါတယ်။အခြား မြောင်းမြ၊ဒေးဒရဲ၊ဖျာပုံပေါ်ဆန်း စပါးတို့ကလည်း တင်း ၁၀၀ ကိ ၁၄ သိန်းကနေ ၁၄ သိန်း ၅ သောင်းကြားပေါက်ဈေးရှိနေပြီး ဆန်ကလည်း တစ်အိတ်ကို ၅၅၀၀၀ ကနေ ၅၈၀၀၀ကြားပေါက်ဈေးရှိနေပါတယ်။ အပြင် ပေါက်ဈေးမှာတော့ စပါးဈေးက ယခုထက် များပြားတယ်လို့ သိရပါတယ်။

ဧည့်မထ(မြို့နယ်စုံ)စပါးတွေကလည်း တင်း ၁၀၀ ကို ၁၁ သိန်းကနေ ၁၁ သိန်း ၅ သောင်းကျော်ထိပေါက်ဈေးရှိနေပါတယ်။ဆန်ကလည်း တစ်အိတ်ကို ၄၀၀၀၀ ကနေ ၄၆၀၀၀ ထိ ပေါက်ဈေးရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃  ဘဏ္ဏာနှစ်၉ လတာ ကာလအတွင်းမှာတော့ တရုတ်နိုင်ငံကို ဆန်တင်ပို့မှုက အများဆုံး ဖြစ်ခဲ့ပြိးထိုင်းနိင်ငံ၊ဘင်္ဂလားဒေ့ နိုင်ငံ တို့က ဝယ်ယူတင်သွင်းခဲ့ပါတယ်။

မတ်ပဲ

မတ်ပဲက ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးက အနည်းငယ်တက်လာပါတယ်။ ပြည်တွင်း ငွေလဲလှယ်နှုန်း ဈေးကတည်း အနည်းငယ် မြင့်တက်နေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဘက်ကတော့ မြန်မာ့မတ်ပဲ တွေကို ထိန်းရောင်းထိန်းဝယ်တွေ ပြုလုပ်နေတယ်လို့ ဘာသာပြန်သတင်းတစ်ပုဒ်မှာ ဖော်ပြထားသလို ပြည်တွင်း ကုန်သည်တွေကလည်း ဈေးကွက်အခြေအနေကို စောင့်ကြည့်ဝယ်ယူနေကြပါတယ်။ တင်ပို့မှု သက်တမ်း တိုးလိုက်တာ ဖြစ်လို့ အလောတကြီးဝယ်ယူမှု မပြုလုပ်တာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

ဆောင်းပဲ အထွက် နှုန်းတိုးမယ်ဆိုတဲ့ ထုတ်ပြန်မှုကြောင့် ထိန်းဝယ်နေပေမယ့် အိန္ဒိယပည်တွင်းမှာ မတ်ပဲ လက်ကျန် သိပ်မရှိတော့ ပဲ ဝင်သမျှ ပဲဝယ်ယူနေတယ်လို့ အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။ဒါပေမယ့် အိန္ဒိယမှာ ပွဲတော်ကာလ မို့ အဝယ်များနေတာ ဖြစ်ပြီး သိပ်မကြာခင် ဈေး ကျဆင်းနိုင်တယ် ပြည်တွင်း ကုန်သည်အချို့က သုံးသပ်ထားပါတယ်။

ပြည်တွင်းမှာတော့ မတ်ပဲ အသစ်တွေလည်း ဈေးကွက်ထဲ ဝင်နေပြီး လက်ရှိမှာတော့ အဝင်ရှိသလောက် အဝယ်သွက်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆ သိန်း ၅ သောင်းကျော်ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၁ သောင်းကျော်လော် ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၈၀၀၀ ကနေ ၁၆၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ လောက်ဈေး တက်ပါတယ်။

၊မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို၅၂၅၀၀ ကနေ ၅၃၅၀၀၀  ကြားပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းမှာတော့ တစ်တင်းကို ၅၀၀ လောက်သာ အတက်အကျ အပြောင်းအလဲ ရှိပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငံနီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ဈေးအနည်းငယ်တက်လာပါတယ်။ အိန္ဒိယနိုင်ငံမှာပါ ပဲစင်းငုံနီ ဝယ်ယူမှု မြင့်လာတဲ့ အတွက် ပြည်တွင်းမှာပါ ဈေး မြင့်တက်လာတာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာတော့ အသစ်တွေ ထွက်ရှိနေပေမယ့် ကြိုပွိုင့် ဝယ်ယူမှုတွေကြောင့် ဈေးက ကောင်းနေပါတယ်။လက်ရှိ ပဲစင်းငုံနီ ဈေးကွက် အခြေအနေ ကတော့ ပြည်တွင်း ငွေလဲလှယ်နှုန်း မြင့်တက်မှုပေါ် သက်ရောက်မှု မရှိပဲ ကြိုက်ဈေး ကြိုက်ဝယ် အနေအထားရှိနေပြီ ဖြစ်တယ်လို့ ကုန်သည်အချို့ကတော့ ဆိုပါတယ်။

ပဲစင်းငုံနီကတော့ အပြောင်းအလဲ များတဲ့ အိန္ဒိယရဲ့မူဝါဒတွေကို စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် ရေရှည်မှာတော့ ဈေး ကောင်း ရနိုင်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၇ သိန်း ၈ သောင်းကျော်ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁ သောင်းကျော်ဈေး တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၆၇၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ လောက်ဈေး မြင့်တက်လာ ပါတယ်?

နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၅၅၀၀၀ ကနေ ၅၇၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၀၀၀လောက်ဈေးမြင့်တက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာ အကျဈေးနဲ့ ဈေးငြိမ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က အထိ ဆက်တိုက်ဈေး ကျဆင်းနေခဲ့ပါတယ်။ လက်ရှိ တရုတ်နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်လာပြီ ဖြစ်လို့ တင်ပို့မှုလည်း များလာပြီး ဈေးတွေလည်း ပြန်မြင့်တက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပဲခူးရွှေဝါ။ခရမ်းရွှေဝါ၊ဝါးခယ်မ)တို့က တစ်ပိဿာကို ၂၀၀၀ ကနေ ၂၉၂၀ ကြား ပေါက်ဈေးရှိနေပြီး အကျဈေးနဲ့ ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၃၅၀၀၀ ကနေ ၁၄၇၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၇၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၆၅၀၀ ကနေ ၄၆၅၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၀၀၀ လောက်ဈေး တက်လာပါတယ်။

အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၄၂၀၀၀ ကနေ ၄၇၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၅၀၀ လောက်ဈေး မြင့်တက်လာပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ဈေးကွက်ထဲ အသစ်တွေ ဝင်နေပါတယ်။အဟောင်းလက်ကျန်လည်း မရှိသလောက် ဖြစ်နေပြီး ဈေးကွက်အတွင်းမှာတော့ ဈေးတွေ ပြန်ကျဆင်းနေပါတယ်။ အသစ်တွေ လည်း ဈေးကွက်အတွင်း ဝင်ရောက် မှု ရှိနေပြီး အရောင်းအဝယ်ကတော့ ပုံမှန်ပဲ လို့ သိရပါတယ်။

ကုလားပဲကတော့ လက်ကျန်ပြတ်သလောက် ဖြစ်နေတာဖြစ်လို့ အသစ်တွေ ဈေးကွက်ထဲ ဝင်ပေမယ့် အများကြီးဈေးကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်အချို့က သုံးသပ်ထားပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၃၀၈၀ ကနေ ၃၁၆၅ ကျပ်နဲ့ ဈေးငြိမ်ပါတယ်။ ၊ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၃၄၁၅  ကနေ ၃၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေး တက်လာပါတယ်။

ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၄၂၅၀ ကနေ ၄၄၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ် ကို ၁၇၄၀၀၀ ကနေ ၁၇၅၀၀၀ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ၊ကုလားပဲ (၉၂၉)   ကတော့ တစ်အိတ်ကို ၁၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ အသစ်ကတော့ တစ်အိတ်ကို ၁၇၄၀၀၀ နဲ့ ဈေးစဖွင့်ထားပါတယ်။ ၊ကုလားပဲ(ဗွီတူး)က တို့က တော့တစ်အိတ်ကို အဟောင်း ပေါက်ဈေးက ၁၉၅၀၀၀ နဲ့ ဈေးငြိမ်နေပြီး အသစ်ဈေးကတော့ တစ်အိတ်ကို ၁၈၈၀၀၀ နဲ့ ဈေးစဖွင့်ပါတယ်။

မုံရွာဈေးကွက်မှာလည်း အသစ်တွေ ဈေးကွက်ထဲကို ဝင်ရောက်နေပြီး ၊ကုလားပဲ(ဗွီတူး)အသစ်ကတော့ တစ်တင်းကို ၆၁၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ကျပ်ဈေးကျဆင်းပါတယ်။ အဟောင်းကတော့ တစ်တင်းကို ၆၄၀၀၀ ပေါက်ဈေးရှိပြီး ၂၈၀၀ကျပ်ဈေးကျဆင်းပါတယ်။ ကုလားပဲ(၉၂၉) အသစ်  တစ်တင်းကို ၅၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ကျပ်ဈေး ကျဆင်းပါတယ်။

ပြောင်းဆံ

ပြောင်းဆံကတော့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နေပြီး အဝယ်တွေ ရှိနေတဲ့အတွက်ဈေးက ပြန်မြင့်တက်လာ ပါတယ်။ တရုတ်နှစ်ကူးအမှီ တရုတ်ဘက်က ဝယ်ယူမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံကတော့ တစ်ပိဿာကို ၁၁၈၀ ကနေ ၁၂၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၄၀လောက်ဈေး မြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်း က တစ်အိတ်ကို ၆၀၀၀၀ ကနေ ၆၁၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ကျပ်၊ဆန်ပြောင်းကတော့ တစ်အိတ်ကို ၆၉၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၇၀၀၀ ကျပ် ၊ဗမာပြောင်း၊ရှမ်းပြောင်း၊ပြောင်းနီတို့ကလည်း တစ်အိတ်ကို ၅၈၀၀၀ ကနေ ၆၇၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀ ကနေ ၃၀၀၀ကြားဈေးမြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း စီပီပြောင်းက တစ်တင်းကို ၂၀၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်၊ပြောင်းနီက တစ်တင်းကို ၂၁၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်၊ဆန်ပြောင်းဖြူကလည်း တစ်တင်းကို ၂၁၅၀၀ ရှိပြီး တစ်တင်းကို ၅၀၀ ကျပ် အသီးသီးဈေး မြင့်တက်လာပါတယ်။

စားတော်ပဲ

ပြည်တွင်း စားတော်ပဲ အသစ်တွေကတော့ ဈေးကွက်ထဲ အဝင်မရှိသေးပဲ တင်သွင်းတဲ့ စားတော်ပဲ(ကနေဒါ)တို့ကတော့ ဈေးတွေကျဆင်းနေပါတယ်။အဝင်များလို့ဈေးကျဆင်းနေတာ ဖြစ်ပြီး ပြည်တွင်းလက်ကျန်ကလည်း မရှိတဲ့အတွက်အရောင်းအဝယ်လည်းမရှိဘူးလို့ သိရပါတယ်။ မကြာခင် အသစ်တွေ ဈေးကွက်ထဲ ဝင်တော့ မှာ ဖြစ်လို့ ဈေးက အကျဈေးနဲ့ ဈေးဖွင့်ထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ စားတော်ပဲက တစ်ပိဿာကို ၆၀၀၀ ကနေ ၆၁၇၀ ပေါက်ဈေးရှိပါတယ်။

မန္တလေးဈေးကွက်မှာတော့ စားတော်ပဲ (ကနေဒါ၊ကျွန်း)တို့က တစ်အိတ်ကို ၂၀၃၀၀၀ ကနေ ၂၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၃၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၁၀၀၀၀၀ ပေါက်ဈေးနဲ့ ဈေးဖွင့်ထားပေမယ့် ပစ္စည်းမရှိ အရောင်းအဝယ် မရှိဘူးလို့သိရပါတယ်။

ပဲကြီး 

ပဲကြီးကတော့ ဈေးကွက်ထဲ အသစ်တွေဝင်နေပြီး ဈေးမြင့်တက်နေပါတယ်။ အသစ်တွေ ဝင်နေပေမယ့် အဝင်နည်းနေသေးလို့ အရောင်းအဝယ်ကတော့ ကောင်းတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲကြီး(ရွှေကျွန်း)ကတော့ တစ်ပိဿာကို ၄၃၃၅ ကနေ ၄၅၁၅ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁၇၅ ကျပ်ပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၄၁၇၀ ကနေ ၄၂၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို  ၃၅၀ ဈေးမြင့်တက်လာပါတယ်။

မန်းဈေးကွက်မှာ တော့ ရှမ်းပဲကြီးတွေ အဝင်များနေတဲ့အတွက် ဈေးတွေအမြင့်ဈေးနဲ့ အေးသွားပြီး  ပဲကြီးက တစ်အိတ်ကို ၂၄၀၀၀၀ ကနေ ၂၇၀၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၈၂၀၀၀ ကနေ ၉၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၅၀၀၀လောက်ဈေးတက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။နေ့စဉ် ကားအဝင် အစီးရေ ၄၀ နီးပါးရှိပြီး ပိဿာချိန် ၂၅၀၀၀၀ နီးပါးအဝင်ရှိနေတာ ဖြစ်လို့ ဈေးက ဆက်တိုက်ကျဆင်းနေတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၁၆၀၀ ကနေ ၂၁၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

မော်လမြိုင်ဈေးကွက်မှာလည်း ကြက်သွန်နီက တစ်ပိဿာကို ၁၈၀၀ ကနေ ၂၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးကျဆင်းပါတယ်။

ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၁၁၀၀ ကနေ ၁၇၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀၀ လောက်ဈေးကျဆင်းပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ ကားအဝင်နည်းပြီး ဈေးတွေ ဆက်တိုက်မြင့်တက်နေပါတယ်။ ဈေးကွက်ထဲ လည်း ကြက်သွန်ဖြူဝင်ရောက်မှု လျော့နည်းနေတယ်လို့ သိရပါတယ်။နေ့စဉ် ရန်ကုန်ဈေးကွက်ကို ပိဿာကို တစ်သောင်းနီးပါး အဝင်ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း) က တစ်ပိဿာကို ၄၉၀၀ ကနေ ၆၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို တစ်ပတ်အတွင်း တစ်ပိဿာကို ၁၀၀၀ ကျော်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)ကလည်း တစ်ပိဿာကို ၃၈၅၀ ကနေ ၃၉၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၆၀၀၀ ကနေ ၆၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးတက်လာသလို ကြူကုတ်ကလည်း တစ်ပိဿာကို ၃၈၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၄၀၀လောက်ဈေး တက်လာပါတယ်။

ငရုတ်

ငရုတ်ကတော့ ပြည်ပအဝယ်ရှိနေတဲ့ အတွက်ဈေးတွေ မြင့်တက်လာပါတယ်။ငရုတ်သီးအစိမ်းတွေ အဝင်ရှိနေတဲ့ အတွက် ငရုတ်အခြောက်တွေ ဈေးကောင်းရရှိနေတာ ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၁၇၅၀၀ ကနေ ၁၈၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀၀ ကျပ်၊ပန်းရဲ ငရုတ်ကတော့ တစ်ပိဿာကို ၁၄၀၀၀ ကနေ ၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿကို ၅၀၀ ကျပ်၊မိုးထောင်ပျော်ဘွယ်ကတော့ တစ်ပိဿာကို ၁၄၀၀၀ ကနေ ၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *