ဈေးကွက်သုံးသပ်ချက် (၁၆.၁.၂၀၂၃) မှ ( ၂၀.၁.၂၀၂၃)

ဆန် စပါး

ဝါးတန်းဈေးကွက်မှာတော့ ဆန်သစ်ဈေးတွေရော ဆန်ဟောင်းဈေးတွေပါ မြင့်တက်နေပါတယ်။ တရုတ်အဝယ်ရှိနေပြီး အခြား ဆန်တင်ပို့မှုတွေပါ ရှိနေတဲ့အတွက် ဈေးတွေ မြင့်တက်နေတယ်လို့သိရ ပါတယ်။ နယ်ဈေးကွက်တွေမှာတော့ လက်ကျန်စပါးတွေ နည်းနေပြီး ရန်ကုန်ကိုတော့ ဆန်အဝင်ပုံမှန် ရှိကာ  အရောင်းအဝယ်ကောင်းနေတယ်လို့သိရပါတယ်။

ရန်ကုန်ဝါးတန်းဈေးကွက်မှာ ပေါ်ဆန်းသစ် (နယ်စုံ၊ဖျာပုံ၊မြောင်းမြ၊ဒေးဒရဲ)တို့က တစ်အိတ်ကို ၅၉၀၀၀ ကနေ ၆၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကြားဈေးမြင့်တက်လာပါတယ်။ အဟောင်းကတော့ တစ်အိတ်ကို ၆၁၀၀၀ ကနေ ၆၇၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀ ကနေ ၅၀၀၀ကြားဈေးမြင့်တက်လာပါတယ်။

ရွှေဘိုပေါ်ဆန်းအသစ်ကတော့  တစ်အိတ်ကို ၇၃၀၀၀ ကနေ ၈၀၀၀၀ ကြားပေါက်‌ ဈေးရှိ နေပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်၊ရွှေဘိုပေါ်ဆန်းအဟောင်းဆန်ကတော့ တစ်အိတ်ကို ၉၃၀၀၀ ကနေ ၁၀၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

ဧည့်မထဆန်တေကတော့ ဈေးငြိမ်နေပြီး မြီးဒုံးဆန်သစ်ကတော့ တစ်အိတ်ကို ၄၈၀၀၀ ကနေ၅၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၄၀၀၀ကျပ်၊ဧည့်မထ ၂၅ မှတ်တန်ကတော့ ၄၂၅၀၀ကနေ ၄၃၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ရက် ၉၀ဆန်ကတော့ တစ်အိတ်ကို ၄၅၅၀၀ ကနေ ၄၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ကျပ် ဈေးမြင့်တက်လာပါတယ်။

နယ်ဈေးကွက်တွေမှာလည်း စပါးတင်း ၁၀၀ ကို ၅၀၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။ဆန်စပါးကတော့ လာမယ့် နွေဆန် ထွက်တဲ့အချိန်ထိ အမြင့်ဈေးနဲ့ပဲ ရှိနေဦးမယ်လို့ ဆန်ကုန်သည်အများစုက ခန့်မှန်းထားပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်ဈေးကွက်မှာ အတက်အကျရှိနေပါတယ်။ အသစ်တွေ ဈေးကွက်ထဲကို စပြီး ဝင်နေပြီ ဖြစ်တဲ့အပြင် ပြည်ပတင်ပို့မှု အတွက် ဝယ်ယူမှုတွေရှိတာ ဖြစ်လို့ ဈေးက အများကြီး ကျဆင်းသွားတာမျိုးမရှိပါဘူး။အိန္ဒိယနိုင်ငံကတော့ မတ်ပဲကို အရန်ပဲ အဖြစ် တန်ချိန် ၄ သိန်းကို ပေါက်ဈေး အတိုင်း ဝယ်ယူဖို့ ဆွေးနွေးနေတယ်လို့ Current content က ဖော်ပြတဲ့ ဘာသာပြန် သတင်းတစ်ပုဒ်အရ သိရပါတယ်။

အိန္ဒိယနိုင်ငံက ဒီနှစ်မှာ ပဲ အထွက်နှုန်းလျော့နည်းတာ ဖြစ်လို့ မတ်ပဲဈေးက ပေါက်ဈေးအ တိုင်းဝယ်ယူပါ က ရေရှည်မှာ ဈေးကောင်းရနိုင်ပေမယ့် မူဝါဒ အမြဲပြောင်းလဲ နေတဲ့ အိန္ဒိယကိုတော့ စောင့်ကြည့်ရ မယ့်အခြေအနေ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆ သိန်း ၆ သောင်းကျော် ပတ်လည် ပေါက်ဈေးရှိနေပြီး အတက်အကျကလည်း ၁ သောင်းကျော် လောက်သာ ရှိပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၁၆၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ကျပ် ဈေး တက်ပါတယ်။

၊မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို၅၂၅၀၀ ကနေ ၅၅၀၀၀၀  ကြားပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းမှာတော့ တစ်တင်းကို ၁၅၀၀ လောက်ဈေးတက်ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက တစ်တန်ကို ၁၈ သိန်း‌ေကျော်ထိ ပေါက်ဈေးရှိနေခဲ့ပြီး ဒီတစ်ပတ်မှာ တော့ ဈေးက အမြင့်ဈေးနဲ့ ငြိမ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပဲစင်းငုံနီနဲ့ပတ်သတ်ပြီး အိန္ဒိယနိုင်ငံမှာလည်း အထွက်နှုန်းလျော့နည်းမယ် ပြည်ပကနေ ဝယ်ယူရမယ်ဆိုတဲ့ ထုတ်ပြန်ချက် တွေကြောင့် ပဲစင်းငုံနီကတော့ ဈေး ကောင်းရှိနေပါတယ်။ အိန္ဒိယနိုင်ငံက အရန်ပဲသိုလှောင်ဖို့ ပဲစင်းငုံနီကို မြန်မာ နဲ့ အာဖရိက ကနေ ပေါက်ဈေး အတိုင်း ပေးဝယ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အိန္ဒိယက ပေါက်ဈေးအတိုင်းလို့ ဆိုပေမယ့် ဈေးအရမ်းမြင့်ရင်တော့ မူဝါဒတွေပြောင်းပြီး ဈေးနှုန်းထိန်းချုပ်တာ တွေ ပြုလုပ်တက်လို့ ကုန်သည်တွေအနေနဲ့ သတိထားစောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။လက်ရှိ ပဲစင်းငုံနီ ဈေးကွက်ကတော့ အိန္ဒိယနိုင်ငံအပြင် တရုတ်ဝယ်ယူမှုပါ ရှိနေလို့ ဈေးကောင်း ရရှိနေတာပါ။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတော့ တစ်တန်ကို ၁၈ သိန်း ၂ သောင်းပတ်ချာလည် အတက်အကျ ရှိနေပါတယ်။

မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၇၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၃၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။

နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၅၇၀၀၀ ကနေ ၅၇၅၀၀ ကြား ပေါက်ဈေးရှိနေပြီး ၂၀၀၀လောက်ဈေးတက်ပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဈေးတွေ ပြန်တက်လာပါတယ်။အချို့နယ်တွေမှာ လက်ကျန်နည်းလာပြီလို့ သိရပါ တယ်။ တရုတ်ကလည်း ဝယ်ယူမှု ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပဲခူးရွှေဝါ။ခရမ်းရွှေဝါ၊ဝါးခယ်မ )တို့က တစ်ပိဿာကို ၂၀၀၈၀ ကနေ ၂၉၂၀ ကြား ပေါက်ဈေးရှိနေပြီး အကျဈေးနဲ့ ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၃၅၀၀၀ ကနေ ၁၄၅၇၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။ခရမ်းရွှေဝါတို့ကလည်း တစ်အိတ်ကို ၁၆၅၀၀၀ ကနေ ၁၈၅၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၆၅၀၀ ကနေ ၄၈၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၀၅၀၀ လောက်ဈေး တက်လာပါတယ်။

အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၄၂၀၀၀ ကနေ ၅၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂၅၀၀ လောက်ဈေး မြင့်တက်လာပါတယ်။

ကုလားပဲ

ကုလားပဲကတော့ အသစ်တွေ ဆက်တိုက်ဝင်နေပြီး အရောင်းအဝယ်လည်းသွက်နေပါတယ်။နေ့စဉ် ပဲအဝင်ပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျကလည်း ထောင်ဂဏန်းလောက်သာ အပြောင်းအလဲ ရှိပါ တယ်။ဈေးကွက်အတွင်း ပဲတွေ လှိုင်လာရင်တော့ ဈေးက လျော့ကျနိုင်ပေမယ့် အများကြီး ကျဆင်းနိုင် မှာ မဟုတ်ဘူးလို့ ကုန်သည်တွေကတော့ ဆိုပါတယ်။လက်ရှိ အဟောင်းတွေကတော့ ပစ္စည်းမရှိတော့ပဲ ဈေးတွေ ပြန်ကျဆင်းလာပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၃၀၈၀ ကနေ ၃၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေး တက်လာပါတယ်။၊ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၃၄၁၅  ကနေ ၃၅၀၀ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။

ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၄၀၀၀ ကနေ ၄၂၅၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ် ကို ၁၆၉၀၀၀ ကနေ ၁၇၀၀၀၀ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

၊ကုလားပဲ (၉၂၉)   ကတော့ တစ်အိတ်ကို ၁၇၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်ဈေးကျ ဆင်းပါတယ်။ အသစ်ကတော့ တစ်အိတ်ကို ၁၇၂၀၀၀ ကနေ ၁၇၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

၊ကုလားပဲ(ဗွီတူး)က တို့က တော့တစ်အိတ်ကို အဟောင်း ပေါက်ဈေးက ၁၉၅၀၀၀ နဲ့ ဈေးငြိမ်နေပြီး အသစ်ဈေးကတော့ တစ်အိတ်ကို ၁၉၀၀၀၀ ပေါက်ဈေးရှိကာ ၂၀၀၀ကျပ်ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း အသစ်တွေ ဈေးကွက်ထဲကို ဝင်ရောက်နေပြီး ၊ကုလားပဲ(ဗွီတူး)အသစ်ကတော့ တစ်တင်းကို ၆၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ကျပ်၊ ကုလားပဲ(၉၂၉) အသစ်  တစ်တင်းကို ၅၇၅၀၀  ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ကျပ်ဈေး ကျဆင်းပါတယ်။

ပြောင်းဆံ

ပြောင်းဆံကတော့ ဆက်တိုက်မြင့်တက်နေပါတယ်။ တရုတ်နှစ်ကူးအမှီ အရောင်းအဝယ်တွေ သွက်နေတယ်လို့ သိရပါတယ်။ တရုတ်တင်ပို့မှုအပြင် ထိုင်းနိုင်ငံတင်ပို့မှုလည်း ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၁၂၅၀ ကနေ ၁၂၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်း က တစ်အိတ်ကို ၆၃၀၀၀ ကနေ ၆၃၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀ကျပ် ၊ဗမာပြောင်း၊ရှမ်းပြောင်း၊ပြောင်းနီတို့ကလည်း တစ်အိတ်ကို ၆၁၀၀၀ ကနေ ၆၈၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀ ကနေ ၃၀၀၀ကြားဈေးမြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း စီပီပြောင်းက တစ်တင်းကို ၂၁၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို၆၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲလွန်း

ပဲလွန်းတွေကတော့ ဈေးပြန်မြင့်တက်လာပါတယ်။ဈေးကွက် ထဲ ပဲအသစ်တွေ အဝင်ရှိနေပြီး ပြည်ပ တင်ပို့မှု လည်း ကောင်းနေတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲလွန်းဖြူက တစ်ပိဿာကို ၁၉၈၀ ကနေ ၂၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀ လောက်ဈေးမြင့်တက်လာပါတယ်။ပဲလွန်းနီကတော့ တစ်ပိဿာကို ၂၉၆၅ ကနေ ၃၀၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာက တစ်အိတ်ကို ၁၁၀၀၀၀ ကနေ ၁၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။ပဲလွန်းဖြူကလည်း တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ၁၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မြေပဲ

မြေပဲလုံးဆံနီ ဆံဖြူတို့ကတော့ ဈေးကွက်ထဲ ဈေးတွေ ပြန်မြင့်တက်လာပါတယ်။ ဆီစက်တွေက ဝယ်ယူမှုများပြားတယ်လို့သိရပါတယ်။

မန္တလေးဈေးကွက်မှာတော့ မြေပဲလုံးဆံနီက တစ်ပိဿာကို ၆၇၀၀ ကနေ ၇၀၀၀ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း မြေပဲလုံးဆံဖြူက တစ်ပိဿာကို ၆၀၀၀ ကနေ ၆၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿကို ၆၀၀ ကျပ်၊မြေပဲလုံးဆံနီကတော့ တစ်ပိဿာကို ၆၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀လောက်ဈေး မြင့်တက်လာပါတယ်။

အောင်လံဈေးကွက်မှာလည်း မြေပဲလုံးဆံနီ မြေပဲလုံးဆံဖြူတို့က တစ်ပိဿာကို ၅၆၅၀ ကနေ ၆၆၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀၀လောက်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကျဆင်းနေခဲ့တာဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဆက်ပြီး ဈေးကျဆင်းနေပါတယ်။အဝင်ကတော့ အနည်းငယ်လျော့နည်းသွားပေမယ့် အဝယ်နည်းလို့ လက်ကျန်တွေ များပြီး ဈေးကျဆင်းတာ ဖြစ်တယ်လို့သိရပါတယ်။နေ့စဉ် ပိဿာချိန် ၁ သိန်း ၂ သောင်း ကျော်ရန်ကုန်ဘုရင့်နောင်ဈေးကွက်ကို အဝင်ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ(မြစ်သား၊မြင်းခြံ)က တစ်ပိဿာကို ၁၆၀၀ ကနေ ၂၂၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀လောက်ဈေးကျဆင်းပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၆၀၀ ကနေ ၂၃၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းပါတယ်။

မော်လမြိုင်ဈေးကွက်မှာလည်း ကြက်သွန်နီက တစ်ပိဿာကို ၁၈၀၀ ကနေ ၂၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးကျဆင်းပါတယ်။

ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၁၁၀၀ ကနေ ၁၆၅၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀ ဈေးကျဆင်းပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ရှမ်း)ကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ အဝင် လည်း နည်းနေပါတယ်။အဝယ်ကတော့ပုံမှန်ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း) က တစ်ပိဿာကို ၅၁၀၀ ကနေ ၆၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၃၈၅၀ ကနေ ၃၉၀၀ ကြားပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။

နှမ်းမျိုးစုံ

နှမ်းမျိုးစုံကတော့ ဒီတစ်ပတ်မှာ ဈေးတွေ မြင့်တက်နေခဲ့ပါတယ်။တရုတ်ရော ဂျပန်ရော အဝယ်ရှိနေတယ်လို့သိရပါတယ်။ဈေးကွက်ထဲလည်း အဝင်နည်းနေတယ်လို့ကုန်သည်တွေက ဆိုပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၂၃၅၀၀၀ကနေ ၃၀၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ကျပ်ဈေးတက်လာပါတယ်။အောင်လံ ဈေးကွက်မှာတော့ တစ်အိတ်ကို ၂၃၀၀၀၀ ကနေ ၂၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ကျပ်ဈေးတက်လာပါတယ်။

နှမ်းညို

နှမ်းညိုကလည်း အဟောင်းရော အသစ်ပါ ဈေးတွေ ဆက်တိုက်မြင့်တက်နေပါတယ်။မန္တလေးဈေးကွက် မှာ နှမ်းညို အသစ်ကတစ်အိတ်ကို ၂၂၅၀၀၀ ကနေ ၂၃၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်၊အဟောင်းက တစ်အိတ်ကို ၂၂၅၀၀၀ကနေ ၂၃၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ကျပ် ဈေးတက်လာပါတယ်။

နှမ်းဖြူ

နှမ်းဖြူကလည်း ဈေးမြင့်တက်လာပေမယ့် အဝင်ကတော့နည်းနေပါတယ်။မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၉၀၀၀၀ ကနေ ၂၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ကျပ်ဈေးတက်လာပါတယ်။အောင်လံဈေးကွက်မှာ တစ်အိတ်ကို ၂၅၀၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပန်းနှမ်း

ပန်းနှမ်းကလည်း အဝင်ရှိသလောက် အဝယ်သွက်နေတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၅၀၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀၀ကျပ်ဈေးတက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *