ရာဘာစျေး အကျစျေးတွင် ရှိပြီး စျေးကွက်အေးနေ 

ဖိုးချဲ

Jan 9 2023

ပြည်တွင်း ရာဘာစျေး အကျစျေးတွင် ရှိနေပြီး စျေးကွက်အေးနေ ကြောင်းရာဘာလုပ်ငန်းရှင်များထံမှ သိရသည်။ 

အဓိက အားဖြင့် ကမ္ဘ့ာရာဘာစျေး ကျဆင်းနေခြင်း ဖြစ်သောကြောင့် ပြည်တွင်းရာဘာ စျေးပါ 

လိုက်ပါကျ ဆင်းနေခြင်း ဖြစ်ကြောင်းသိရပြီး ပြည်ပ အဝယ်လည်း နည်းနေကြောင်းသိရသည်။

“ လက်ရှိရာဘာစျေးကွက်က တော့ ပုံမှန်ပါပဲ ၊စျေးနှုန်းက လဲ အကျစျေးမှာ ငြိမ်နေတယ် ၊တစ်လလောက်ရှိပြီးကမ္ဘာ့စျေး ကျနေလို့ လိုက်ကျတာပါ။ စျေးရရှိမူ တွက်ခြေကိုက်မကိုက်ဆိုတာ 

ကိုယ်စိုက်ထားတဲ့မျိုးနဲ့ ပဲဆိုင်တယ်။ ပေါင်၇၀၀တန်၈၀၀တန်ထွက်တဲ့မျိုးတွေစိုက်ထားတဲ့ ခြံဆို အမြတ်အစွန်းနည်းတယ်။ ပေါင်၁၂၀၀၊၁၅၀၀ တန် စိုက်ထားတဲ့ ခြံတွေက တော့ ဒီစျေးနဲ့ လုပ်

သာကိုင်သာရှိတာပေါ့” ဟု  မြန်မာနိုင်ငံရာဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

ယခင် က ပြည်တွင်း ရာဘာ တစ်ပေါင်လျှင် ၁၂၀၀ ကျော်အထက် တွင်  ရှိခဲ့ ပြီး လက်ရှိ တစ်ပေါင်လျှင်  ၁၂၀၀ ကျပ်သာ  ရှိတော့ ကြောင်း သိရသည်။ 

ပြည်ပ လိုအပ်ချက်အနည်းငယ်  ရှိ နေ ပြီး ဒေါ်လာစျေး မှာ လည်း အမြင့်စျေး တွင် ရှိနေသောကြောင့် ရာဘာစျေး မှာတစ်ထောင် အထပ် တွင်းသာ ရှိနေ၍ သာ လုပ်သာကိုင်သာရှိနေရခြင်းဖြစ်ကြောင်း ရာဘာစိုက်တောင်သူများ ထံမှသိရသည်။

ရာဘာ တစ်နိုင်ငံ လုံ စိုက်ဧက တစ်သန်း ခြောက်သိန်း နှင့် လေး သောင်း ကျော် ထိ ရှိ ပြီး ရာဘာ အထွက်နှုန်း မှာ တစ်နှစ် နှင့် တစ်နှစ် အထွက်နှုန်း များလေ့ရှိကြောင်းလည်း သိရသည်။ 

“ တစ်နှစ်ထက်တစ်နှစ် ထွက်နှုန်းတက်လာတယ်။အထွက်နှုန်းက အခုစိုက်ထားတဲ့ တစ်သန်း ခြောက်သိန်း နှင့် လေး သောင်း ကျော် ရဲ့ ထက်ဝက်ပမာဏ ထွက်သေးတာဆိုတော့နောက်ထပ် ထုတ်လုပ်မှုထက်ဝက် ကျန်သေးတာဆိုတော့ တစ်နှစ်ချင်း တစ်နှစ် ထုတ်လုပ်မှုတက်လာလို့ အထွက်နှုန်းကလဲ တက်လာတာပေါ့ “ ဟု ရာဘာစိုက် လုပ်ငန်ရှင်တစ်ဦးကပြောသည်။

ပြည်တွင်း၌ ရာဘာ သုံးစွဲမူ နည်း သော ကြောင့်ပြည်တွင်း ရာဘာ စျေးကွက် အနေဖြင့် ပြည်ပကို သာ အားထား တင်ပို့နေရကြောင်းသိရသည်။ 

လက်ရှိ တွင်မြန်မာ့ရာဘာ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့် အား တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိကာ မလေးရှား၊အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများ

ရှိကြောင်း ၊ အများဆုံ အနေဖြင့် ပင်လယ်ရေကြောင်း မှ တင်ပို့လျက်ရှိကြောင်း သိရသည်။ 

လက်ရှိ နိုင်ငံတကာ ရာဘာပေါက် စျေးမှာ ဒေါ်လာ ၁၆၀၀ သာရှိပြီး ကျဆင်းနေကြောင်း သိရသည်။

ကိုဗစ်နှင့် ကမ္ဘ့ာစစ်ပွဲများ ကြောင့် ကျဆင်းနေသည့် ကမ္ဘ့ာစီးပွါးရေး ပြန်လည်ကောင်းလာပါက ရာဘာစျေးကွက် မှာ ပြန်လည်ကောင်းမွန် လာမည် ဖြစ်ကြောင်းသိရသည်။ 

ရာဘာကို မြန်မာနိုင်ငံ တောင် ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိကာမိုးရွာသီတွင် ရော်ဘာလုပ်ငန်းများ ရပ်နား လျက်ရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *