ပြောင်းစျေးများ ပြန်လည် မြင့်တက်နေ 

ဖိုးချဲ(AMIA)

Jan 16 2023

ပြောင်းစျေး ပြန်လည်မြင့်တက်လာပြီး ထပ်မံ မြင့်တက်လာ နိုင်ဖွယ် ရှိကြောင်း ပြောင်းလုပ်ငန်း ရှင်းများ နှင့် ပြောင်းတောင်သူများထံမှ သိရသည်။ 

ငွေလဲလှယ်နှုန်း အပြင်ပြည်ပလိုအပ်ချက်ကြောင့်တင်ပို့မူ များ ရှိနေသည့်အတွက် ပြောင်း စျေပြန်ကောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။ 

 ပြည်တွင်း၌ပြောင်း တစ်ပိဿ လျှင် ယခင်က ၁၀၀၀ဝန်းကျင်သာ ရှိခဲ့ပြီး လက်ရှိ မှာတော့ တပိဿာ လျှင် ၁၂၀၀  ဝန်းကျင်ထိ ဈေးမြင့်တက်လာကြောင်း သိရသည်။

ဒေသအလိုက် စျေးနှုန်း အပြောင်းအလဲ အတက်အကျ များ ရှိနေကြောင်း ပြောင်းလုပ်ငန်းရှင်များ ဆိုသည်။ 

“ လက်ရှိ ပြောင်းက  ရန်ကုန်ပေါက်စျေး က ၁၂၀၀ထိ ရှိနေတယ်။ စျေးတွေက တစ်နေ့နဲ့တစ်နေ့ အပြောင်းလဲရှိနိုင်တယ် ၊ အတည်တကျမရှိဘူး “ ဟုမြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဂုဏ်ထူးဆောင် နရက ဉီးမင်းခိုင်ထံ မှ သိရသည်။ Normal Trade အနေဖြင့် အိန္ဒိယ ၊ဖလစ်ပိုင်နှင့်ဗိယမ်နမ် ဘက်သို့  တင်ပို့နေ ကြောင်းသိရသည်။

လက်ရှိ FOBစျေး နှုန်း ပြောင်းတစ်တန်လျှင်၂၀၂၂ခုနှစ် အောက်တိုဘာ လက ၂၉၀မှ ၃၀၀ဒေါ်လာ ကြား ပေါက်စျေး အထိ ရှိပြီး လက်ရှိ ဒေါ်လာ ၃၂၀ အထိ ရှိ ကြောင်းသိရသည်။ 

“ အခုက နယ်စပ် ဂိတ်တွေ တော်တော်များများ ပြန်ဖွင့်နေပြီဆိုတော့ ပြည်တွင်း

လိုအပ်ချက်တွေ ထည့် တွက်ရင်  ပြောင်းစျေးကျဖို့ဆိုတာ လုံးဝမရှိနိုင်ဘူးလို့ ထင်မြင်တယ် ၊၁၅၀၀ထိ စျေး ဖြစ်ဖို့များတယ် “ ဟု ပြောင်းလုပ်ငန်းရှင်တစ်ဦး ကပြောသည်။

နိုင်ငံရေ အခြေအနေများ ကြောင့် တချို့ ဒေသ များ တွင် စိုက်ပျိုး ၍ မရ ခြင်း ၊ စိုက်ပျိုးထား သော်လည် မပြုစု မပျိုးထောင် နိုင် ခြင်း တို့ ကြောင့် စုစုပေါင်း ထုတ်လုပ်မူ ပမာဏလျော့ကျ ခဲ့ ပြီး ဆောင်းပြောင်း စိုက်ပျိုး ရန် အတွက် လည်း ဒေါ်လာစျေး မြင့်တက်နေခြင်း ကြောင့် မြေဩစာအပါ အဝင် သွင်းအားစု စျေး များ မြင့် တက်နေ

၍ အစား ထိုး သီးနှံများ ပြောင်း စိုက် မူများ ရှိကာ ပြောင်း အထွက် နှုန်းကျဆင်းနိုင်မည် ဖြစ်ကြောင်း လည်း သိရသည်။ 

တချို့မှာ ပြည်ပ နိုင်ငံများ မှ ပြောင်းအထွက် နည်းနေပြီး လိုအပ်ချက် များရှိ နေဦး မည်ဖြစ် ၍ ပြောင်းစျေးကွက် အနေဖြင့် ပိုမို ကောင်းလာကာ တစ်ပိဿလျှင် ၁၅၀၀ ၊၂၀၀၀ စျေးအထိ ဖြစ်လာနိုင်ကြောင်းလည်း တချို့က သုံးသပ်ကြသည်။

သို့သော် တချို့နယ်ဒေသများ တွင် တစ်ပိဿလျှင် ၁၀၅၀ ဝန်ကျင်လောက်သာရှိ စျေးမရကြောင်း သိရသည်။

နှစ်စဉ် ပြည်တွင်း ၌ တစ်နှစ်လျှင် ပြောင်း တန်ချိန် နှစ် ဒသမ သုံး သန်း နှင့် နှစ် ဒသမ ခြောက်သန်း ကြားတွင် ထွက်ရှိ လျက်ရှိ ပြီး ယခုနှစ်တွင် အထွက်နှုန်း လျော့ကျနေခြင်း 

ဖြစ်ကြောင်းသိရသည်

Leave a Reply

Your email address will not be published. Required fields are marked *