ပြည်တွင်း နှမ်း ရှားလာသည့်အတွက် နှမ်းစျေးကောင်း

ဖိုးချဲ (AMIA)

Jan 24 2023

ပြည်တွင်း၌ နှမ်းလက်ကျန် နည်းလာသည့် အပြင် အရည်သွေးကောင်းသော နှမ်း ရှားပါးလာသည့်အတွက် နှမ်းတွေ စျေးပြန်ကောင်းလာကြောင်း ကုန်သည်များ ထံမှ သိရသည်။ 

လက်ရှိ နှမ်းစျေးကွက်တွင် အက်စစ်အောင်သည့် နှမ်းများသာ အဓိက ထား အရောင်းဝယ် ဖြစ်နေပြီး အက်စစ်အောင်သည့် နှမ်းမှာလည်း လက်ရှိစျေးကွက်တွင် ရှားနေကြောင်း စျေးကွက်မှ သိရသည်။ 

“ တရုတ်က ပြန်ဖွင့်ပြီဆိုတော့ နယ်စပ်ကလဲ ပို့တယ် ၊ပင်လယ်ရေကြောင်းကလဲ ပို့တယ်။ ဂျပန်လည်းပို့နေတယ်ဆိုတော့ပြည်တွင်း စိုက်နိုင်တဲ့ အနေအထား နဲ့ ပြည်ပ market နဲ့ မမျှဘူး စိုက်နိုင်တာ နည်းတယ်။ လက်ကျန်နည်းနေတော့ လိုချင်တာ မရသလိုဖြစ်နေတယ်။ တောင်သူတွေ စိုက်ကြပေမဲ့ ရာသီဉတု အနေအထားကော  ၊တိုင်းရေး ပြည်ရေးအခြေအနေကြောင့် ကယားဘက်ကစိုက်တဲ့ နှမ်းတွေဆို စျေးကွက်ထဲ မသယ်နိုင်ကြဘူး။ မရောက်လာကြဘူး။လိုအပ်သလောက်မရတော့ စျေးကတက်နေတာပေါ့”  ဟု နှမ်းexporter တစ်ဦးကပြောသည်။ 

လက်ရှိ၄၅ပိသာဝင် တစ်အိတ် လျှင် အောင်လံစျေး နှစ်သိန်း၉သောင်း ရှိ ပြီး  မန္တလေးစျေး သုံးသိန်းခန့်ရှိပြီးအရည်အသွေး ၊ အချိန်နှင့် နေရာ လိုက်၍ စျေးနှုန်းများ ပြောင်းလဲ နိုင်ကြောင်း လည်း ကုန်သည်များ က ပြောသည်။

လက်ရှိစျေးမှာ ပြီးခဲ့သည့် နှစ်များ နှင့် ယှဉ်ရင် ထက်ဝက်ခန့်မြင့်တက်နေပြီး အရည်သွေးမှီနှမ်းထွက်သည့် တောင်သူများ အနေဖြင့် တွက်ခြေကိုက်နိုင်သော်လည်း သွင်းအားစု များဈေးမြင့်တက်မှုကြောင့် သွင်းအားစုများလျော့ချစိုက်ပျိုးမှုများက  ပြည်ပတင်ပို့ရန် အရေးအသွေးမှီသည့် နှမ်း များ မရရှိကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံမှ နှမ်းနက်များအား အဝယ်လိုက်နေ ၍ စျေးကွက် တွင် ဝယ်လိုအား များ ပြီး စျေး မြင့်တက်လာခြင်း ဖြစ်ကြောင် နှမ်းကုန်သည်များ က သုံသပ်ကြ သည်။ 

“ ကြားထဲ မှာတော့ နှမ်းတမျိုးထွက်ဖို့တော့ရှိတယ် ၊နွေနှမ်း ပေါ်အုံးမယ်။ စျေးကျတာက အက်စစ်မအောင်တဲ့နှမ်းတွေကျတာပါ သူတို့က နှစ်သိန်း၆သောင်း လောက်ပဲရှိတယ် “ ဟု အောင်လံ ကုန်စည်ဒိုင် မှ ဦးအောင်မိုး ကပြောသည်။ 

ပင်လယ်ရေကြောင်းမှ တင်ပို့ ရာတွင် ကုန်ကျစရိတ်ပိုမိုများ သော်လည်းသင်္ဘာရှာ ကာ ငှါး ရရာတွင် အခက်ခဲများ သိပ်မရှိ တော့ကြောင်း exporter များ က ဆိုသည်။ 

နောက်ပိုင်းတွင် လည်း တရုတ်က လိုအပ်ချက်များ နေပြီး တခြားနိုင်ငံ များတွင်လည်း နှမ်းအဝင် နည်းသောကြောင့် နှမ်းစျေးကွက် မအေးနိုင်ကြောင်း ၊ စျေးနှုန်းထပ်မံ မြင့်ကာ စျေးကောင်းရနိုင်ကြောင်း exporters များက သုံသပ်ပြောဆိုသည်။ 

ပြည်တွင်းတွင်ပုံမှန် နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင် တန်ချိန် ၆သိန်းမှ ၈သိန်း ထိ ထွက်လေ့ ရှိပြီး နိုင်ငံရေးအခြေအနေများ နှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ထွက်နှုန်းလည်းလျော့နည်းလျက် ရှိကြောင်းသိရသည်။

မြန်မာ့နှမ်းကို တရုတ်၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ ကို လည်း တင်ပို့ လေ့ရှိပြီး  တရုတ်နိုင်ငံ တခုတည်းသာအာထား တင်ပို့နေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြား စိုက် ပျိုးလျက်ရှိ ကြောင်းသိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *