ထောပတ်သီး ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်း အတိုင်း ပြည််ပပြန်လည်တင်ပို့နိုင်သော်လည်း စျေးမရရှိသေး 

ဖိုးချဲ (AMIA)

Jan 2 2023

နှစ်လကျော်ကြာ ရန်တန့်ခဲ့သည့် ထောပတ်သီးပြည်ပတင်ပို့မူ ပြန်လည် တင်ပို့နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ 

  ကိုဗစ်အလွန်ကာလ တွင် ကမ္ဘာ့ထောပတ်သီး စျေးကွက် အကျဘက်ကို ဦးတည်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပို့ကုန်/သွင်းကုန် စည်းမျဥ်း၊စည်းကမ်း ဥပဒေများ အစရှိအခက်အခဲ များကြောင့် တရားဝင်တင်ပို့နိုင်ရန် ကြန့်ကြာခဲ့ခြင်း ဖြစ်သည်။ 

“ ၁၀လပိုင်းကတည်းဆိုတော့ နှစ်လလောက်ကြာသွားတယ်။ ဘယ်လိုအခက်ခဲတွေလဲဆိုတော့ လိုအပ်ချက်တွေ အရမ်းများတယ် ၆၅ ၊၃၅ ကိစ္စတွေရယ် ၊တစ်ရာ ရာခိုင်နှုန်း paymentတွေရယ် ၊တွက်ခြေ မကိုက်ဘူး ။ အခုက မလေးက တောင်သူတွေဆီက တိုက်ရိုက် ဝယ်တယ်။ တောင်သူတွေကို အားပေးတဲ့ ကုမ္မဏီတွေဖြစ်တဲ့ အတွက် စျေးပိုပေးလာလို့ တင်ပို့ခြင်းဖြစ်တယ်။ “ ဟု မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်း၊ အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောသည်။ 

လက်ရှိပြည်ပသို့ တင်ပို့ နိုင်ပြီး စျေးကောင်းပေးသော်လည်း ပြည်တွင်း၌ ငွေစျေးနှုန်း ၂၁၀၀ နှုန်း ဖြင့် တွက်ချက်သည့် အတွက် အမှန်တကယ်တောင်သူတွေ အဖို့ တွက် 

ခြေမကိုက်ကြောင်း သိရသည်။ 

လက်ရှိ ထောပတ်သီး တောင်သူများဖြင့် ဖွဲ့စည်းထား သည့် ShanAvocado ကုမ္မဏီ မှ 1kg လျှင် ၃.၇အမေရိကန်ဒေါ်လာ တဆင့် မလေးရှား နှင့် ထိုင်းသို့ တင်ပို့နေကြောင်းသိရသည်။ 

ပြည်တွင်း၌  ပြည်ပ သို့ တင်ပို့မည် Hass အမျိုးစား မှ ပြီးခဲ့သည့် ထောပတ်သီးရာသီ က တစ်ကီလို လျှင် ခြံထိုင်စျေး ၄၀၀၀ အထိစျေးနှုန်းပေါက်ခဲ့ ပြီး ယခုနှစ် တွင် တစ်ကီလို လျှင် ၃၀၀၀ ကျပ်သာစျေးရရှိပြီး လက်လီစျေး ၄၀၀၀ နှင့် ၆၀၀၀ ကြား ခန့်ရှိကြောင်းသိရသည်။ 

အထွက်နှုန်း အနေဖြင့် တစ်နှစ်ပြီးတစ်နှစ် ထက် ပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်းသိရသည်။ 

“ထောပတ်သီးကို စစိုက်ထဲက exportလမ်းကြောင်း အတွက် စိုက် ကြတာ။ ထိုင်းကို ၈၀ရာခိုင်နှုန်း order trade နဲ့ သွားနေတယ်။ မရောင်းရဘူးလားဆိုတော့ ရောင်းရတယ် ဒါပေမဲ့ ပွဲစားတွေ က နိမ်ကြတယ်၊ border trade ဖြစ်တဲ့ အတွက်တစ်နေရာမှာ မှား

နိုင်တဲ့ အတွက် စျေးပိုရမှ လုပ်ကြတယ်။ အဲ့ဒီအတွက် တောင်သူတွေက အဆင်မပြေဘူး ၊တကယ်တိုင်း တရားဝင်ရမှကောင်းတဲ့ စျေးကွက်တစ်ခုဖြစ်လာမှာ “ ဟု ထောပတ်သီး စိုက်တောင်သူတစ်ဦး ကပြောသည်။

 လက်ရှိ မြန်မာ့ထောပတ်သီးကို စိတ်ဝင်စားသော ကုမ္ပဏီပေါင်း ၁၀၀ကျော်ဖြင့် ချိတ်ဆက်နိုင်ခဲ့ပြီး ပြင်သစ် ၊ နယ်သာလန် ၊ စပိန် ၊ အီတလီ စသော EU နိုင်ငံများ ၊ ဒူဘိုင်း နှင့် အိမ်နီးချင်း အာရှ နိုင်ငံများ မှ ကုမ္ပဏီ၄၀ကျော် ဖြင့်လည်း အပြန်အလှန် ဆက်လက်ဆွေးနွေးကာ ထောပတ်သီး နမူနာ တစ်တန်ခန့် ပေးပို့နိုင်ခဲ့ကြောင်း သိရသည်။

ပြည်ပသို့ တင်ပို့ရန်စိုက်ပျိုးသည့် အသီးအား ပြည်ပ အပြင် ပြည်တွင်း မှ စားသုံးသူများ ကြိုက်နှစ်သက်ကြ အတွက်ပြည်တွင်း၌ အရောင်းဝယ်ရှိကြောင်းသိရသည်။

ပြည်တွင်း၌ အထွက်နှုန်းကောင်းသော်လည်း အရည်အသွေး ကောင်းမွန်သည့် အသီး နည်းပါးသောကြောင့် အမေရိကန်နိုင်ငံ ကယ်လိဖိုနီယား နိုင်ငံ မှ မျိုးစပ်ဖြစ်သည့် Hass အမျိုး အစား ကို တင်သွင်း၍ စိုက်ပျိုး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထောပတ်သီး ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး(ပြင်ဦးလွင်) တို့မှာ အများဆုံးစိုက်ပျိုးကြ ပြီးရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ဖယ်ခုံ၊ လွိုင်လင်တို့တွင် လည်ကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်)တို့မှာ လည်ကောင်း စိုက်ပျိုးကြ ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *