စားအုန်းဆီစျေး ပြန်တက်လာပြီးစျေးကွက် မငြိမ်သေး

ဖိုးချဲ (AMIA)

Feb 13 2023

စားအုန်းဆီ စျေး ပုံမှန်ထက်စျေး ပြန်တက်လာ ပြီး စျေးကွက်  မငြိမ်သေးကြောင်း ဆီအရောင်းဝယ် လုပ် ကိုင်သူများ နှင့် ကုန်သည်များ ထံမှ သိရသည်။ 

စားအုန်းဆီ များ ကို အဓိက မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ တင်သွင်းနေရခြင်း ဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံမှ ပြည်တွင်းလုံလုံလောက်လောက် ရရှိစေရန် စားအုန်းဆီတင်ပို့ခွင့်ပါမစ်အချို့ကို ဆိုင်းငံ့ထားကာ ပြည်ပနိုင်ငံများသို့ ပါမစ် ခွဲတမ်းဖြင့်သာ တင်ပို့ နေရခြင်းကြောင့် မြန်မာနိုင်ငံသို့ အဝင်နည်းကာ စျေးပြန်တက် လာခြင်း ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်တစ်ချို့ထံမှ သိရသည်။ 

“ သ‌ေင်္ဘာ အဝင်နည်းလို့ တချို့ ဆီရောင်းဖို့ တောင် ခွဲတမ်းမရကြဘူး၊ ကျန်ရှိနေတဲ့ သင်္ဘော အဝင် ပဲ စောင့် နေရတယ် ။စျေးက တော့ တဖြည်းဖြည်း ပြန်တက်နေတယ် စျေးကွက် က မငြိမ်ဘူး။ “ ဟု 

ပခုက္ကူမြို့မှ ဆီကုန် သည် တစ်ဦး ကပြောသည်။

ယခင်က စားအုန်း ဆီတစ်ပိဿာ လျှင်  ၅၈၀၀ ထိ ကျဆင်းခဲ့ပြီး လက်ရှိ ရန်ကုန်စျေး ၆၆၀၀အထိ ပေါက်စျေးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

သို့သော် တချို့ ဒေသများ တွင် စားအုန်း ဆီ တစ်ပိဿာ လျှင်  ၆၄၀၀ မှ ၆၆၀၀ ထိ ပေါက်စျေးရှိကြကြောင်းသိရသည်။

“ ဒီလို ရာသီဥတု အေးတဲ့ အချိန်မှာ အရောင်းအဝယ် ပါးနိုင်တယ်၊နောက်ပြီး ဝယ်ထားပြီးလို့ ပြန်ထုတ်မရောင်းရမှာလဲ ဆိုတော့ လက်ထဲ ဆီ များများ မထားရဲဘူး။ အခုတော့ လိုချင်တိုင်းမရတော့ဘူး ၊အခုစျေး ကမငြိမ်ဘူး ၆၅၀၀နဲ့ စျေးတည့်ပြီးသား နောက် ဆယ်မိနစ်ကြာ တော့ တစ်စျေး ဖြစ်သွားတယ် ။ ချက်ချင်း စျေးက တက်သွားတယ်” ဟု မကွေးမြို့မှ ဆီအရောင်းဝယ်လုပ်ကိုက်သူ မသီတာ ကပြောသည။ 

တချို့ လက်ကျန်ဆီသင်္ဘောများ လည်း ဝင်ရောက်လာ ခြင်းများရှိနေ၍ တချို့ ဝယ်ရောင်းများ အနေဖြင့် စျေးကျဆင်းလာမည်ကို စောင်းဆိုင်းက အဝယ်များရပ်ထားကြောင်းလည်း သိရသည်။ 

လက်ရှိမြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏  စီစဥ်ကြီးကြပ် မှုဖြင့် Agri One Trading Co., Ltd. မှ စားဆီ ၁ပိသာ ၄၇၀၀ ကျပ်ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေကြောင်းလည်းသိရသည်။

ထို့အပြင် စားသုံးဆီ တင်သွင်း လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ် 

ရည်ညွှန်း စျေး မှာ လက်ကားစျေး တစ်ပိဿာလျှင် ၄၄၉၀ ကျပ် ဖြစ်ကြောင်း သိရသည်။

“ ဆီစျေးပြန်တက်သွားတယ် အရင်ကစားဆီ ၅၈၀၀ လောက်ပေးရတယ်။ အခု က ဘာဖြစ်လို့လဲ မသိဘူး ၆၀၀၀ကျော် ပြန်တက်သွားတယ် ၊ သင်္ဃန်းကျွန်းအောင်မြန်မာ ဆိုင်မှာ ၆၆၀၀ နဲ့ ဝယ်ရတယ် ၊ ပဲဆီ ရှယ် ၁၃၀၀၀ ရှိတယ် ၊ “ ဟုသင်္ဃန်းကျွန်းမြို့နယ် မှ စားသုံးသူ ဒေါ်ကြည် ကပြောသည်။

လက်ရှိ တွင် လျှပ်စစ်မီးပြတ်တောက်မူ တွေများကြောင့် ဆီစက်များ ပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲများ ရှိ ခြင်း ၊ စက်သုံးဆီစျေးများ မြင့်တက်ခြင်း စသည့် အခက်ခဲများ ကြုံတွေ့နေရကြောင်းဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။ 

ပြည်တွင်း ၌ စားအုန်းဆီ သုံးစွဲမှု တစ်နှစ် လျှင် တန်ချိန် ၁၀သိန်းကျော် အထိရှိ သောကြောင့် နှစ်စဥ် တန်ချိန် ၆သိန်း မှ၇သိန်းကြား  အား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိက ထား၍  တင်သွင်းနေရကြောင်းသိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *