၁၈ သိန်းကျော်ထိမြင့်တက်ခဲ့သည့် ပြည်တွင်းပဲစျေး ပြန်လည်ကျဆင်းကာ စျေးကွက်အေး 

ဖိုးချဲ(AMIA)

Feb 7, 2023

၁၈သိန်းကျော်ထိ မြင့်တက်ခဲ့သည့် ပြည်တွင်းပဲစျေး ပြန်လည် ကျဆင်း ကာ စျေးကွက်အေးသွားကြောင်း ပဲကုန်သည်များထံမှ သိရသည်။

စျေးကွက်တွင်းသို့ ပဲအဝင်များ လာပြီး လက်ရှိ ပြည်ပ အဝယ် မမှန်သောကြောင့် ပဲစျေးကွက် ပြန်လည် အေးလာခြင်းဖြစ်ကြောင်း ကုန်သည်တချို့ထံ မှ သိရသည်။

“ အခုက စျေးကွက်က အေးသွားတယ် ။ မတ်ပဲက တော့ အသစ်ပေါ်တော့မှာမို့ အေးသွားတာ။ ပဲစင်းငုံကတော့ အတက်ကြမ်း သွားလို့ ပြန်အေးတာ ။ ရေရှည် မအေးနိုင်ပါဘူး လိုအပ်ချက်ရှိ အုံးမယ်။ အိန္ဒိယဘက် ကလဲ အထွက်နည်းတယ် ။ “ ဟု အောင်လံမြို့ မှ ပဲကုန်သည်  ဦးအောင်မိုး ကပြောသည်။

လက်ရှိ ရန်ကုန်စျေး မတ်ပဲ တစ်တန်လျှင် ယခင်က ၁၈သိန်း ထိ မြင့်တက်ခဲ့ရာမှ လက်ရှိ ၁၇သိန်း ရှစ်သောင်း ထိပြန်လည်အေးစက်သွားပြီး ပဲစိမ်းငုံ တစ်တန်လျှင် ယခင် ၁၉သိန်းခွဲထိ မြင့်တက်နေရာ မှ ယခု ၁၉သိန်း ထိ ကျဆင်းသွားကာ အေးနေကြောင်းသိရသည်။

ယင်းစျေးနှုန်း မှာ နေရာဒေသ ပေါ်မူတည်ပြီး စျေးနှုန်း အပြောင်းအလဲ ရှိနိုင်ကြောင်း လည်းသိရသည်။ 

ပြည်တွင်း စားသုံးသည့် ကုလားပဲအပါအဝင် ပဲ များပါ အထွက်နည်းခဲ့သည့် အတွက် စျေးကောင်း နေကြောင်း သိရသည်။ 

လက်ရှိ ပြည်တွင်း စားသုံးနေ သည့် ပဲကြီး စျေး မှာ ၈သောင်း ပတ်ဝန်ကျင်း နှင့်  ကုလားပဲ စျေးများ မှာ တော့  ၆သောင်း  အထက် တွင် ရှိ ၍ စျေးနှုန်း ခိုင်မာမူ ရှိ ကာ အရောင်းဝယ် ကောင်းကြောင်း သိရသည်။ 

နောက်ပိုင်းတွင် ပြည်တွင်းပဲများအားအိန္ဒိယ မှ လိုအပ်ချက် ရှိနေဦး မည် ဖြစ်၍ ပဲစျေးမှာ ဆက်လက်ကောင်း နေနိုင် ကြောင်း ကုန်သည်တချို့ ခန့်မှန်း ကြသည်။ 

“အိန္ဒိယက ပဲအထွက်နှုန်းက ပုံမှန်မရှိဘူး အမြဲတမ်း လိုအပ်ချက်ရှိနေတာဆိုတော့ ပဲစျေး ကွက် က ကျသွားတောင် အကြာကြီး မကျဘူး။ ခဏပဲ ၊ ပဲအသစ်တွေ ကလဲ ဖေဖောဝါရီလ နောက်ပိုင်း ထွက်လာတော့မှာဆိုတော့ အေးသွားတဲ့သဘောပါ။”ဟု မန္တလေးမြို့ မှ ပဲကုန်သည် တစ်ဦး ပြောသည်။

လက်ရှိ ပြည်ပ FOB စျေး မှာမတ် ပဲ တစ်တန်လျှင် ဒေါ်လာ ၇၃၀ မှ ၇၄၀ ပေါက် စျေးရှိကြောင်းသိရသည်။ 

မြန်မာနိုင်ငံ အနေဖြင့် အိန္ဒိယ သို့ အဓိကတင်ပို့နေပြီး တရုတ်၊ သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနဲ့ UAE နိုင်ငံတွေကို ပဲမျိုးစုံ တင်ပို့နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *