ပြည်တွင်း မူဝါဒ အပြောင်းအလဲများ ကြောင့် ပြောင်းစျေးပြန်ကျဆင်း

ဖိုးချဲ (AMIA)

ဖေဖေါ်ဝါရီ၊ ၂၈၊ ၂၀၂၃

ပြည်ပသို့ နယ်စပ်မှ တဆင့် ပြောင်းတင်ပို့ရာတွင် မလိုအပ်သည့် မူဝါဒများ ချမှတ်ထားခြင်းကြောင့် စျေးကွက် မတည်မငြိမ်ဖြစ်ကာ စျေးနှုန်း များပြန် ကျဆင်း လာခြင်း ဖြစ်ကြောင်း ပြောင်းလုပ်ငန်း

ရှင်များထံ မှ သိရသည်။

အဓိကငွေ‌ေကြးတန်ဖိုး အပြောင်းအလဲ များ နှင့် Logistics costများ မတည်ငြိမ် သောကြောင့် စျေးနှုန်း ကျဆင်းသွားခြင်း ဖြစ်ကြောင်းသိရသည်။ 

“ အဓိက စျေးကျ သွားတာ က မူဝါဒတွေ ကြောင့် logistics ဖိုးတွေ မလိုအပ် ပဲ ကုန်တာရယ်၊ငွေကြေးမူဝါဒအပြောင်းအလဲ ရှိတာတွေ ရယ် ၊ငွေကြေးမူဝါဒ ဆို အခုတမျိုး တော်ကြာ တမျိုး ဖြစ်နေတယ် ၊ အဓိက က မြန်မာငွေပြန်မာသွားတဲ့ အခြေအနေတွေ ပေါင်းစုံသွားတာ၊ဝယ်လိုအားကျသွားတာ မဟုတ်ဘူး တဲ့ အတွက် စျေးကျသွားတာ ခဏလေးလို့ ယူဆတယ် ၊အဓိက မတည်ငြိမ်လို့ ။ “ ဟု ပြောင်း တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦး ကပြောသည်။ 

ယခင် ရန်ကုန်စက်ရုံစျေး တစ်ပိဿာလျှင် ၁၃၅၀ ကျပ် ထိရှိခဲ့ရာမှ လက်ရှိ တစ်ပိဿလျှင် ၁၂၆၀ ခန့်ထိ ကျဆင်းသွားကြောင်း သိရသည်။ 

လက်ရှိ ဒေသအလိုက် စျေးနှုန်း အပြောင်းအလဲ အတက်အကျ များ ရှိနေကြောင်း ပြောင်းလုပ်ငန်းရှင်းများ က ဆိုသည်။ 

ပြည်ပပြောင်းတင်ပို့ရာတွင်လည်း လက်ရှိပင်လယ်ရေကြောင်း မှ အနည်းငယ်သာရှိပြီး အဓိက ထိုင်းနယ်စပ် ဘက် သို့သာအဓိက တင်ပို့နေကြောင်း သိရသည်။

“အဓိက လက်ရှိ ထိုင်းဘက်က ကြိုက်ရောင်းကြိုက်ဝယ်တွေ ဖြစ်နေတယ် ၊ထိုင်းနယ်စပ်ဘက် က FOBလို စျေးမငြိမ်ဘူး ၊ Grade နဲ့ သွားတာ Grade A, Grade Bဆိုပြီးသွားတာ တချို့ ကြ တစ်ကီလို ကို ၉ဘတ်ကျော် ပေါက်စျေးရှိတယ်။ လက်ရှိ ပြည်ပကို ထွက် တာ FOB နဲ့ သိပ်မထွက်ဘူး အဓိက အများကြီး ထွက်တာက border ဘက်ကထွက်နေတာပါ ၊ 

FOB က တချို့ မလိုအပ် တဲ့ ကုန်ကျစရိတ်တွေ သိပ်ကုန်စရာ မရှိတော့ နယ်စပ်ထက် မဆိုးဘူးပြောရတယ်။ “ဟု ပြောင်းလုပ်ငန်းရှင် တစ်ဦး ကပြောသည်။ 

 လက်ရှိ Border Trade ဖြင့်သာ  တင်ပို့မူ များ နေခြင်းကြောင့် FOB စျေးနှုန်း မှာ စျေးငြိမ်နေ ပြီး FOBစျေး နှုန်း ပြောင်းတစ်တန်လျှင်၃၄၀ဒေါ်လာဝန်းကျင်ခန့်  ပေါက်စျေး အထိ ရှိကြောင်း သိရသည်။ 

လက်ရှိ မူဝါဒ မတည်ငြိမ်သေး၍ သာ စျေးကျဆင်းနေခြင်း ဖြစ်ကြောင်း သုံးသပ်ကြပြီး ပြည်ပနိုင်ငံ တော်တော်များများ ပြောင်းလိုအပ်မူ များရှိ နေဦးမည်ဖြစ်၍ ပြောင်းစျေး မှာ ပြန်တက်လာဦး မည်ဖြစ်ကြောင်း ပြောင်းလုပ်ငန်းရှင်များကသုံးသပ်ကြသည်။

ပြောင်းစေ့များ ကို ထိုင်းနိုင်ငံ ကုန်သွယ်ရေးမူအရ နှစ်စဥ် ဖေဖော်ဝါရီလ ၁ရက်ကနေ မှ သြဂုတ် ၃၁ရက်အထိကို အကောက်ခွန်သက်သာခွင့် သုညရာခိုင်နှုန်း ဖြင့် ပြန်လည် တင်သွင်းခွင့် ရရှိနေခြင်းကြောင့် မြ၀တီနယ်စပ်ကုန်သွယ်ရေး မှ တစ်ဆင့်ထိုင်းနိုင်ငံ သို့ပြောင်းဆန်များ ကို စတင်တင်ပို့​ နေခြင်း

ဖြစ် ကြောင်း သိရသည်။ 

ပြီးခဲ့သည့် နှစ်များက နယ်စပ်ဂိတ်မှ တစ်နေ့လျှင် ပြောင်းကား အစီရေ ၂၀၀ နှင့် ၃၀၀ ကြား တင်ပို့နိုင်ခဲ့ခြင်းဖြစ် ပြီးယခုနှစ်မှာတော့ ခန့်မှန်း၍ မရကြောင်း သိရသည်။ 

နှစ်စဉ် ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန်  တစ်နှစ်ကို ၂သန်းခွဲ၀န်းကျင်ရှိ သိရပြီး ထိုင်း နှင့်တရုတ်သို့လအဓိကတင်ပို့ကာ ပင်လယ်ရေ ကြောင်း မှတဆင့် Normal Trade

အနေဖြင့် အိန္ဒိယ နှင့်ဗီယမ်နမ် ဘက်သို့အနည်းငယ် သာ တင်ပို့နေကြောင်း လည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *