ဖရဲကားများအဝင်နည်းကာ ဝယ်လိုအားမြင့်နေ

ဖိုးချဲ(AMIA)

Feb 21, 2023

လက်ရှိ တရုတ်ဘက်သို့ မြန်မာ့ဖရဲကားများ အဝင်နည်းကာ ဝယ်လိုအား မြင့်နေကြောင်း ဖရဲ တင်ပို့ ရောင်းချနေသည့် ကုန်သည်များထံ မှ သိရသည်။

တရုတ်ဘက်အခွန် ရုံးမှာ အခွန်စနစ် Level Two သို့ အဆင့်ထပ်မြှင့် ပြောင်းနေခြင်း ကြောင့် မြန်မာ့ ဖရဲ၊ သခွား ပို့ကုန်ကားများ အဝင်နှေးစေခဲ့ပြီး ယခင် ရှန်တိန်စနစ်ပယ်ဖျက်ကာလက်ရှိ မြန်မာ တရုတ်နယ်စပ်သွားလာခွင့် စာအုပ်အနီကိုင်ဆောင်ထားသူသာတိုက်ရိုက်မောင်းခွင့်ပေး လိုက်သော ကြောင့် တရုတ်ဘက်သို့ ကားအဝင် နည်းသွားကြောင်းသိရသည်။ 

ထို့ကြောင့် လတ်တလော မူဆယ် သစ်သီးဝလံဈေးကွက်မှာ  ဖရဲ၊ သခွားဈေးတွကတော့ ဝယ်လိုအားများပြီး ရောင်းလိုအားနည်း နေတာကြောင့် ဈေးကောင်းရနေကြောင်းလည်း ကုန်သည်တချို့ထံမှ သိရသည်။

“ လက်ရှိ က လော့ဒေါင်းတွေ စတဲ့ ကန့်သတ်ချက် တွေ အကုန်နီးပါး ဖြေလျော့လိုက်တော့ အခုနောက်ပိုင်း ဝယ်လက် တွေ တော့ လာကြတယ် ။“ ဟု မူဆယ်၁၀၅မိုင် သစ်သီးဝလံကုန်စည်ဒိုင် တာဝန်ခံ ဒေါ်ရီရီခိုင်ကပြောသည်။ 

တရုတ်ဘက်မှ  ပို့ကုန်၊ သွင်းကုန် စနစ်များမကြာခဏ အပြောင်းအလဲ လုပ်နေခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေး ကြန့်ကြာစေပြီးကုန်တင်ယာဉ်မောင်းများ နှင့် လုပ်ငန်းရှင် တောင်သူများ ပါ အဆင်မပြေဖြစ်ရကြောင်း ပို့ကုန်လုပ်ငန်းရှင်များကပြောသည်။

“တရုတ်ဘက်က အခွန်ရုံက စနစ်တွေပြောင်းတော့ ဖရဲကားတွေ အစီးရေတွေ အများကြီး သောင်တင်ခဲ့သေးတယ် ။အခုတရုတ်ဘက်ကို ယာဉ်မောင်း တိုက်ရိုက်မောင်းခွင့်ပေးလိုက်ပေမဲ့ စာအုတ်အနီ ကိုင်ဆောင်ထားတဲ့ သူပဲ မောင်းခွင့်ပေးတာ စနစ်တွေ အမျိုးမျိုးပြောင်းနေတော့ တာပဲ ကုန်သွယ်မူ ကြန့်ကြာတယ်။နယ်စပ် ကုန်သွယ်ရေး ကုန်သည်ကားသမား ဒုက္ခရောက်တာပေါ့ ‘ဟု ဖရဲ တင်ပို့နေသည့် ကုန်သည်တစ်ဦးကပြောသည်။

ပြီးခဲ့သည့် နှစ် များက ယခုအချိန်တွင် တရုတ်ဘက်သို တစ်နေ့လျှင် ဖရဲကားအစီးရေ၃၀၀ခန့်ထိ ဝင်ရောက်နိုင်ခဲ့ပြီး လက်ရှိတွင် ဖရဲ သခွါးကားအစီး‌ေရပျမ်းမျှ ၁၀၀ ပတ်ဝန်းကျင်သာ ရှိကြောင်းသိရသည်။ 

တခြားနိုင်ငံများမှ လည်း တရုတ်နိုင်ငံဘက်သို့ သစ်သီးအဝင်များရှိနေသောကြောင့် အရည်အသွေး၊ 

ဈေးကွက်တွေ ယှဉ်ပြိုင်မှုများ ရှိကာ မြန်မာဘက်မှ ဈေးကွက်ထိန်းနိုင်ရန် အရည်အသွေးကောင်း အသီးများသာ တင်ပို့ သင့် ကြောင်းသိရသည်။

ယခုနှစ် ဖရဲစျေးကွက် မသေချာခဲ့ သည့် အတွက် ယခင်တစ်ရာ ရာခိုင်နှုန်း အပြည့်စိုက်သည့် သူများမှာ၅၀ရာခိုင်နှုန်းခန့်တောင် မရှိတော့သည့် အတွက် စိုက်ပျိုး နှုန်းကော အထွက်နှုန်းကော လျော့ကျ ကြောင်းသိရသည်။ 

တချို့ကုန်သည်များ မှာ သယ်ယူပို့ဆောင်စရိတ်များ ကြီးမြင့်နေသည့် အတွက် ပြည်တွင်းစျေးကွက်ကိုသာ အားထား ရောင်းချနေကြောင်းသိရသည်။

လက်ရှိ ဖရဲသီး ထဲန်၀မ်က တစ်တန်ကို ၅၀၀၀မှ  ၅၃၀၀ ယွမ်ရှိ‌ေနပြီး ရွှေသခွားကတော့ တစ်တန်ကို ယွမ် ၇၀၀၀ မှ ၇၂၀၀ ကြား နဲ့ အရောင်းအ၀ယ် ဖြစ်နေပါတယ်။ အနိမ့်ဆုံး တစ်တန်ကို ယွမ်  ၂၀၀၀ နီးပါးဈေးမြင့်တက်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *