ကမ္ဘ့ာရာဘာစျေးတက်၍ ပြည်တွင်းရာဘာ စျေးပြန်တက် 

ဖိုးချဲ (AMIA)

Mar 8 2023

ကမ္ဘ့ာရာဘာစျေး မြင့်တက်နေသောကြောင့် ပြည်တွင်းရာဘာ စျေးပါမြင့်တက်လာကြောင်းလုပ်ငန်းရှင်များထံမှသိရသည်။ ပြည်တွင်းရာဘာစျေးမှာ နိုင်ငံတကာပေါက်စျေး ပေါ်မူ တည်ပြီး စျေး အ တက်အကျ ဖြစ်ပေါ်ခြင်း ဖြစ်ပြီးလက်ရှိပြည်ပ လိုအပ် ချက် များ ကာအဝယ်လိုက်နေ သော ကြောင့် ကမ္ဘ့ာ ဈေး မှာ မြင့်တက်နေကြောင်း သိရသည်။ 

လက်ရှိ နိုင်ငံတကာ ရာဘာပေါက် စျေးမှာ ယခင် က ဒေါ်လာ ၁၇၅၀ မှ လက်ရှိ ဒေါ်လာ ၁၈၀၀ အထိ မြင့်တက်လာ ခြင်းဖြစ် ကြောင်း သိရသည်။

“ နိုင်ငံတကာ ပေါက်စျေး ကတော့ ပြီးခဲ့တဲ့ တစ်ပတ်လောက် ထဲ ကတက်လာ တယ်။ပြည်တွင်း စျေးက နောက်ပြီးနိုင်ငံတကာ စျေးပေါ်မှာ ပဲ မူတည် တယ်။ ကမ္ဘာစျေး တက်ရင် ပြည်တွင်း ရာဘာစျေးကလိုက်တက် တာ။ “ဟု မြန်မာနိုင်ငံရာဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်ကပြောသည်။

ပြည်ပ လိုအပ်ချက် များ ရှိ နေ ပြီး ဒေါ်လာစျေး မှာ လည်း အမြင့်စျေး တွင် ရှိနေသောကြောင့် တစ်ထောင်အောက်  ကနေ ရာဘာစျေး မှာ တစ်ထောင် အထပ် တွင်းရောက်ရှိခဲ့ ခြင်းဖြစ်သည်။

ယခင် က ပြည်တွင်း ရာဘာ တစ်ပေါင်လျှင် ၁၃၅၀ ကျော်ထိ ရှိပြီး လက်ရှိ တစ်ပေါင်လျှင် ၁၄၀၀ ကျပ်ပေါက်စျေး ထိရှိလာ ခြင်း ဖြစ်သည်။ 

လက်ရှိ တွင်ရာဘာ ကို နယ်စပ် တင်ပို့မူ ထက် ပင်လယ်ရေကြောင်း မှ အဓိက တင်ပို့ မူများ ကြောင်းသိရသည်။ 

“ ပင်လယ်ရေကြောင်းက အဓိက တင်ပို့နေတယ်။နယ်စပ်က မှောင်ခိုသွားကြတာ များ

တယ် ။ စျေးကွက် တိုးချဲတင်ပို့ဖို ဆိုတာ မလိုအပ်သေးပါဘူး ၊လက်ရှိတင်ပို့နေတဲ့

နိုင်ငံတွေ တောင် လုံလောက်အောင် တင်ပို့နိုင်ခြင်းမရှိသေးပါဘူး ။”ဟု အတွင်းရေးမှူး ဦးခိုင်မြင့်က ဆက်လက် ပြောထားသည်။

ယခုနှစ်တွင် ပြည်ပသို့ တန်ချိန် သုံးသိန်းပတ်ဝန်းကျင်ခန့် ထိတင်ပို့ရန် လျာထားခြင်း ဖြစ်ပြီး ယခင်နှစ်များထက်တင်ပို့မူ လျော့ကျနိုင်ကြောင်း ခန့်မှန်ထားကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီ လ ၁ ရက်နေ့ မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းရော်ဘာတန်ချိန် ၁၃၈၀ဝ ခန့် တင်ပို့နိုင်ခဲ့ပြီးနယ်စပ် ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၂၂၉၀ ခန့် တင်ပို့ နိုင်ခဲ့ကြောင်း စီးပွါးရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ၏သတင်းများ မှ သိရသည်။

မြန််မာနိုင်ငံတွင် ရာဘာ တစ်နိုင်ငံ လုံ စိုက်ဧက တစ်သန်း ခြောက်သိန်း နှင့် လေး သောင်း ကျော် ထိ ရှိ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *