ပြည်တွင်း ဝါ မူဆယ်စျေးကွက် ဝယ်လိုအားကောင်းနေ 

အက္ခရာ(AMIA)

Mar 21 2023

ပြည်တွင်းဝါ မူဆယ် စျေးကွက်ဝယ်လိုအား ကောင်းနေခြင်းကြောင်း စျေးကောင်းနေကြောင်း လုပ်ငန်းရှင်တစ်ချို့ထံ မှ သိရသည်။လက်ရှိတွင် ဝါ ကို တရုတ်ဘက် သို့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် မှ တဆင့် တင်ပို့ နေခြင်း ဖြစ်ပြီး ပုံမှန် ဝယ်ယူ မူများ ရှိ နေကြောင်းသိရသည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ခုနှစ် မတ်လ ၅ ရက်နေ့ တစ်ရက်တာ အတွင်း ဝါ တန်ချိန် ၅၁.၅ တန် အထိ တင်ပို့ နိုင်ခဲ့ကြောင်းသိရပြီး တစ်ရက် ပျမ်းမျှ ယင်းပမာဏ ပတ်ဝန်း ကျင် ခန့်သာ တင်ပို့နေကြောင်း စီးပွါးရေး ဝန်ကြီးဌာန သတင်းများမှ သိရသည်။ 

“ တရုတ် က အဝယ်ပုံမှန်ရှိနေလို့ စျေးကွက် ပြန်ဖြစ်လာတာပါ။ လက်ရှိ စျေးကွက် မှာ ဝါ က လက်ကျန်နည်းလာပြီးဆိုတော့  စျေး က စပေါ်ကစ စျေး ထက် မြင့်လာတဲ့ သဘောပါ ။ ကျသွားလည်း အရမ်းကြီး မကျသွားဘူး ၊၅၀ ၊၁၀၀လောက်ပဲ။ဒေတခုနဲ့လတခု စျေး ကတော့ ကွာမှာပဲ လက်ကျန် ရှိတဲ့ ပေါ်မှာမူတည်တယ်။ တချို့က လှောင်ထားတဲ့ သူတွေ မှာပဲရှိတယ်” ဟု မန္တလေး မြို့မှ ဝါလုပ်ငန်းလုပ်ကိုင်သူ ကိုမြင့် လွင်ကပြောသည်။ 

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet2.0System တွင် Online ဖြင့် လျှောက်ထားနိုင် ပြီး ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြု ပေးလျက်ရှိသည်။

ထို့အပြင် မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် တောင်းခံလာပါ စိစစ်ခွင့်ပြုပေးလျက်ရှိရာ မတ်လ ၁၂ရက်နေ့အထိ ဝါဂွမ်း တင်ပို့မူ အတွက် (၂)စောင် ထုတ်ပေးထားကြောင်း စီးပွါးရေး ဝန်ကြီးဌာန သတင်းများမှ သိရသည်။

၂၀၂၂၂၀၂၃ မှ ၂၀၂၅၂၀၂၆ ဘဏ္ဏာ နှစ်ထိ  စံမံကိန်းအရ စစ်ကိုင်း၊မကွေး၊ မန္တလေး၊ ပဲခူး၊ ရှမ်း၊  နေပြည်တော် ဒေသများတွင် ပြည်တွင်းပြည်ပစျေးကွက်ဝယ်လိုအားရှိသည့် အရည်အသွေးကောင်း ချည်မျှင် ရှည်ဝါများ တိုးတက် စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီးပြည်တွင်းချည်မျှင်နှင့် အထည်စက်ရုံများအတွက် လိုအပ်သည့်အရည် အသွေး ကောင်းဝါများထုတ်လုပ်ပြီး ပြည်ပမှ ဝါနှင့်ဝါထွက် ကုန်ချောပစ္စည်း များတင်သွင်း နေရမှုမှ နိုင်ငံခြားငွေယိုဖိတ်မှု လျော့နည်းသက်သာလာစေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ 

 ဝါစိုက်ဧရိယာနှင့် ဝါတစ်ဧက အထွက်နှုန်း လျာထားချက် ပြည့်မီရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊အရည်အသွေးကောင်း ဝါထုတ်ကုန်များရရှိရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် တောင်သူများ အနေဖြင့် ချည်မျှင်ရှည်ဝါများ အကုန်ရိတ်သိမ်းပြီး ဖြစ်၍ ဈေးကွက်တွင် ဝါကြီးများသာရှိတော့သောကြောင့် လက်ကျန်နည်းလာ ကာ အဝယ်လိုက်နေ ခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

“ အစ က ဝါစျေးကွက်ကို အားမရခဲ့ဘူး ပြီးခဲ့တဲ့ နှစ်တွေက ဝါစျေးက ၃၅၀၀ အထက်တွေမှာရှိခဲ့တာ။ စပေါ်ချိန်က၂၉၀၀ လောက် ပဲရတယ် တချို့နေရာတွေ ဆို ဒီစျေးလောက်တောင်မရဘူး။ စ ပေါ်ချိန်နဲ့ ယှဉ်ရင် စျေးရလာတဲ့ သဘောပါ ။ အရင်တချို့နှစ်တွေနဲ့ ယှဉ်ရင် နည်းသေးတယ်”ဟု မကွေးတိုင်း မှ ဝါစိုက်ပျိုးသူ တစ်ဦးကပြောသည်။

ယခုနှစ် ရာသီဉတု ဖောက်ပြန်မူကြောင့် ဝါ အထွက်နှုန်းလျော့ ကျ လျက်ရှိကြောင်း လည်း ဝါစိုက်တောင်သူများထံမှ သိရသည်။ 

ထို့ကြောင့် ဝါ လှိုင် လှိုင်ပေါ်ချိန်က တစ်ပိဿာလျှင် ၂၉၀၀ သာရှိခဲ့ပြီး လက်ရှိတွင် ၃၁၀၀ မှ ၃၅၀၀ ကျပ်ဖြင့် တောင်သူများ ဈေးရနေကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *