သကြားစျေးအမြင့်စျေးတွင်ရှိပြီး စျေးကွက်ကောင်းနေ 

ဖိုးချဲ(AMIA)

Mar 13 2023

ပြည်တွင်း သကြား ပြည်ပ လိုအပ်ချက်များရှိနေသည့် အတွက် အမြင့်စျေးတွင်ရှိပြီး စျေးကွက်ကောင်းနေ ကြောင်း သကြားလုပ်ငန်းရှင်တချို့ထံ မှ သိရသည်။ 

ပြီးခဲ့သည့် နှစ်က သကြား စျေးမကောင်းခဲ့သည့် အတွက် လျော့ချ စိုက်ပျိုး ခဲ့၍ အထွက်နည်းခဲ့ပြီး MIC ၏ ခွင့်ပြုချက်ရယူပြီးမှ သာ သကြားတင်သွင်း ရမည်ဖြစ်သောကြောင့်  ပြည်ပမှ တရားမဝင်သကြားများ ဝင်ရောက်မူ နည်း လာကာပြည်တွင်းသကြားကိုသာ အဓိက ထား သုံးစွဲလာ၍ စျေးကွက်ကောင်းလာခြင်းဖြစ်ကြောင်းလည်းသုံးသပ်ကြသည်။ 

“ ပုံမှန်ဆို ကြံကြိတ်ရာသီ ရောက်ရင် သကြား ထွက် ပြီး မကြာဘူး သကြားစျေး က ကျလေ့ရှိတယ်။ လက်ရှိမှာပြည်တွင်း ကလည်း  export ပုံမှန် ထွက်တယ် ။ပြည်တွင်းက လည်း ပုံမှန်သုံးနေတော့ စျေးတက်တာပေါ့ ”  ဟုမြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိန်ထွန်း ကပြောထားသည်။ 

လက်ရှိ ပြည်တွင်း၌သကြားတစ်ပိဿာလျှင် ၂၉၀၀ ကျော် အထိ  ပေါက်စျေးရှိနေပြီး ဒေသ အလိုက် အချိန်နှင့်အမျှ ဈေးနှုန်းပြောင်းလဲနိုင်ကြောင်း စျေးကွက်မှ သိရသည်။ 

သကြားဈေးကွက် ကောင်းမွန်နေ သည့်အတွက် ပြည်တွင်းသကြားစက်ရုံအသီးသီးမှ သတ်မှတ်ထား သည့် စျေးနှုန်း ကို တောင်သူများ အကျိုးခံစား ခွင့်ရစေရန် ကြံဈေးနှုန်းများကို ထပ်မံတိုးမြှင့်ပေးနေကြောင်း လည်းကြံစိုက်တောင်သူများ မှ သိရ သည်။ 

ပြည်တွင်းသကြားစက်ရုံများ အနေဖြင့်  ကြံကြိတ်ရာသီ အတွက် ကြံစျေး ၉သောင်း သတ်မှတ်ထားရာမှ လက်ရှိ သကြားစျေးကောင်းနေ၍ စက်ရုံအလိုက် ကြံစျေးများကို ၉၅၀၀၀မှ ၁၀၀၀၀၀အထိ တိုးပေးဝယ်နေကြောင်း သိရသည်။ 

“  ကြံအထွက်နှုန်း နည်းပါး ပြီး လက်ကျန်နေတယ်။ ကြံတွေ လဲ တောင်သူတွေမှ သိပ်မရှိသလောက်ပဲ ။ နောက်ပြီး ပြည်ပ ကလိုအပ်ချက်ရှိတယ်။နိုင်ငံတကားစျေး မှာလည်း မြင့်တက်နေတော့ ကံကောင်းသွားတာ” ဟု ကြံစိုက်တောင်သူတစ်ဦး ကပြောသည်။

ယခုနှစ် တွင် စျေးကောင်းရနေသည့် အတွက် သကြားတိုးချဲ့စိုက်ပျိုးလျက်ရှိ ပြီးတစ်နှစ်လျှင် ပျမ်းမျှ သကြားတန်ချိိန် လေးသိန်း ခန့် ထွက်ရှိကြောင်းကြောင်း ကြံစိုက် တောင်သူများထံမှ သိရသည်။ 

မြန်မာနိုင်ငံ၏    ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် ဒီဇင်ဘာလတွင် စတင်ကာ ဧပြီလဆန်းပိုင်းတွင် ကုန်ဆုံး လေ့ရှိပြီး ကြံကိုအဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူး တိုင်း (အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊  

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စိုက်ပျိုးနေခြင်းဖြစ် ကြောင်း သိရသည်။

လက်ရှိ export အနေဖြင့် ဗီယမ်နမ် သို့ အား အများဆုံး တင်ပို့နေရ ကြောင်း သိရပြီးယခုနှစ်တွင် ပြည်ပသို့ ပြည်တွင်းထွက်ရှိမူ ၏ ၅၀ ရာခိုင် နှုန်းခန့် တင်ပို့ ရန် လျှာ ထား ကြောင်း လည်း သကြားကုန်သည်များ ထံမှ သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *