AMIA

http://amiamm.com

AMIA-Doh Farmer Digital TV

မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ဘီလီယံကျော် လျော့နည်းသွား

နိုင်ငံပေါင်း ၂၃၀ကျော်နှင့် ကုန်သွယ်နေသော မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းမျာသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂ဘီလီယံကျော် လျော့နည်းသွားပါတယ်။

ဆက်ဖတ်ရန်

တိုက်ပွဲများကြောင့် ကုန်သွယ်မှု အများဆုံး မြန်မာ၊ ထိုင်း နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ရပ်ဆိုင်း

တစ်ရက် အမေရိကန်ဒေါ်လာ ၃သန်း ကုန်သွယ်မှု ဆောင်ရွက်နေသော ထိုင်း၊ မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိက လမ်းကြောင်းပေါ်ရှိ ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ မြဝတီ၊ မဲဆောက် နယ်စပ်ကုန် သွယ်မှု ရပ်ဆိုင်းသွား ပါတယ်။

ဆက်ဖတ်ရန်

ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ ရွှေဈေးမြင့်တက်လာ

ခရစ်စမတ်၊ ရုံးပိတ်ရက်များသည့်လတွင် ပြည်ပခရီသွားသူများ ဝယ်လိုအားတက်လာတာကြောင့် ဒီဇင်ဘာလ ပထမ အပတ်အတွင်း ပြင်ပ လက်လီငွေကြေး  ဈေးကွက်တွင် အမေရိကန် ဒေါ်လာတန်ဖိုး ၃ရာခိုင် နှုန်း ကျော်မြင့်တက်ပြီး တစ်ဒေါ်လာ ၃၅၁၀ ကျပ်သို့ ရောက်ရှိလာပါတယ်။

ဆက်ဖတ်ရန်

ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ် ဖြစ်နိုင်ပြီး ဒီဇင်ဘာလဆန်းမှာ မိုးရွာနိုင်ခြေရှိ

ရှိလာနိုင်တာကြောင့်   ဒီဇင်ဘာလ ၂ရက်နေ့မှ ၅ ရက်နေ့အတွင်း  မိုးရွာနိုင်တာလို့ သီးနှံရိတ်သိမ်းတာ ၊အခြောက်လှန်းတာတွေကို ဒီဇင်လ ၂ ရက်မတိုင်မှီ အပြီးလုပ်ဆောင်ကြဖို့ မိုးလေဝသ ပညာရှင်တွေက သတိ ပေးထားပါတယ်။

ဆက်ဖတ်ရန်

တစ်ရက်အတွင်း ပြည်တွင်းဓာတ်ဆီ(92,25)တစ်လီတာ ကျပ် ၃၄၀ ခုန်တက်လာ

မြန်မာနိုင်ငံတွင် ပြည်တွင်းဓာတ်ဆီ(92,25)တစ်လီတာဈေးနှုန်း တစ်ရက်အတွင်း ကျပ် ၃၄၀ ခုန်တက်သွား သည်ကို စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ၏ထုတ်ပြန်သော စာရင်းများနှိင်းယှဉ်ခြင်းဖြင့် သိရပါတယ်။

ဆက်ဖတ်ရန်

ပြည်တွင်းဈေးကွက်တွင် စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း တစ်လအတွင်း ၁၀ ရာခိုင်နှုန်းခန့်မြင့်တက်

ပြည်တွင်းဈေးကွက်တွင် အခြေခံလူတန်းစားများ အဓိမှီခိုစားနေရသည့် စားအုန်းဆီ လက္ကားဈေးကွက်၏ ရည် ညွှန်း ဈေးနှုန်း တစ်လအတွင်း ၁၀ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လာသည်ကို တွေ့ရပါတယ်။
လက်ရှိမှာ စားအုန်းဆီ လက်ကားရည်ညွှန်းဈေးက   တစ်ပိဿာကို ၅၀၀၀ ကျပ် အထိရှိလာပြီး အဆိုပါဈေး နူန်း က နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိဖြစ်တယ်လို့စားသုံးဆီတင်သွင်း သိုလှောင် ဖြန်ဖြူ းခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဆီဈေးကွက် ထုတ်ပြန်မှုမြင်တွေ့ရပါတယ်။

ဆက်ဖတ်ရန်

ရန်ကုန်မြို့ပြင် မြို့နယ်တွေမှာ မီနီအိုးဝေကဲ့သို့ သုံးဘီးယာဉ်ငယ်များကို တရားဝင် ခွင့်ပြုရန်ရှိနေ ဟုဆို

နိုဝင်ဘာ၂၈ရန်ကုန်မြို့ပြင် ဆင်ခြေဖုံးမြို့နယ်များမှာ မီနီအိုးဝေကဲ့သို့ သုံးဘီးယာဉ်ငယ်များကို တရားဝင်လိုင်စင်ဖြင့် ပြေးဆွဲခွင့်ရရှိရန်…

ဆက်ဖတ်ရန်

တောင်သူလယ်သမားကြီးများကို MSME လုပ်ငန်းရှင်ဖြစ်စေရန် ကနဦး ကျပ် ၄၀ ဘီလီယံဖြင့် အကောင်အထည် ဖေါ်မည်

နိုဝင်ဘာ- ၂၇
တောင်သူလယ်သမားကြီးများအား အသေးစား၊ အလတ်စား (MSNE)စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်စေဖို့ လာ မည့်နှစ် နွေစပါးရာသီမှာ ကျပ်၄၀ဘီလီ ယံဖြင့် ကနဦး အကောင်အထည်ဖေါ်ရေးကို  မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF)က စီစဉ်နေပါတယ်။


ဆက်ဖတ်ရန်

တရုတ်သို့ သခွားမွှေးတင်ပို့ရာတွင် လမ်းခရီးကြန့်ကြာမှုကြောင့် ပယ်သီးများပြီး ဆုံးရှုံးမှုများ ကြုံနေရဟုဆို

တရုတ်မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေး ဇုန်တွေ က နေ ကုန်သွယ်မှုမလုပ်နိုင်တာကြောင့် တင်ပို့မှုရပ်နားထားရာကနေ နိုဝင်ဘာ ၂၁ ရက်ကစပြီး သခွားမွှေး ကို တာ လော့ ဂိတ်ကနေ စမ်းသပ်တင်ပို့နေကြတာဖြစ်ပါတယ်။

ဆက်ဖတ်ရန်

မြန်မာတနိုင်ငံလုံးမှာ မိုးရွာသွန်းမှုနည်းသွားပြီး သာယာမယ်

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ မိုးရွာသွန်းနိုင်မှုအနေနဲ့  နေရာကျဲကျဲ မှ နေရာစိပ်စိပ်သာ ရှိနိုင်ပြီး မန္တလေး တိုင်း၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်မှာတော့ နေရာကွက်ပြီးသာ မိုးရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဆက်ဖတ်ရန်